Connect with us

Latin America

ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းတွင် အသေးစား လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံ Roatán ကျွန်းတွင် လေယာဉ်ပျက်ကျသည့်နေရာ အနီးအနား ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ကယ်ဆယ်ရေးသမားများကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုမြို့၊ မတ် ၁၈ ရက် (ဆင်ဟွာ)
လူ ၁၅ ဦးအထက် တင်ဆောင်လာသော အသေးစားလေယာဉ်တစ်စီးသည် မတ် ၁၇ ရက် ညပိုင်းက ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်း၌ ပျက်ကျခဲ့ရာ လက်ရှိတွင် လူ ၆ ဦး သေဆုံးခဲ့သည်ကို တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် ထိုနေ့ ညပိုင်းတွင် Roatán ကျွန်းရှိ လေဆိပ်မှ ပျံသန်းပြီးနောက် မထိန်းချုပ်နိုင်တော့ဘဲ ပျက်ကျခဲ့ကြောင်း ဟွန်ဒူးရပ်စ် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Octavio Pineda က လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ဟွန်ဒူးရပ်စ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Miguel Martínez က လေယာဉ်ပျက်ကျမှုအတွင်း လူ ၆ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသေးစားလေယာဉ်သည် မူလက ဟွန်ဒူးရပ်စ်နိုင်ငံ မြောက်ပိုင်းရှိ La Ceiba မြို့သို့ ပျံသန်းရန် စီစဉ်ထားပြီး လေယာဉ်ပေါ်တွင် အနည်းဆုံး လူ ၁၅ ဦးပါဝင်ကြောင်း ပြည်တွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။ (Xinhua)


………………………..
(Chinese Version)
一架小型飞机在洪都拉斯北部坠毁至少6人遇难
新华社墨西哥城3月17日电(记者吴昊 翟淑睿)特古西加尔巴消息:一架载有至少15人的小型飞机17日晚在洪都拉斯北部坠毁,目前已发现有6人遇难。
洪都拉斯基建与交通部长奥克塔维奥·皮内达在社交媒体上发文说,这架飞机当晚在罗阿坦岛机场起飞后失控坠毁。洪都拉斯警方发言人米格尔·马丁内斯说,已有6人在坠机事故中遇难。
当地媒体报道说,这架小型飞机计划前往洪北部拉塞瓦市,机上载有至少15人。(完)
图说:3月17日,救援人员在洪都拉斯罗阿坦岛的飞机坠毁事故现场附近搜救。新华社发