China
ဝမ်ရိက တရုတ်-ဂျပန်-တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်မည် ဖြစ်သလို ၆ ကြိမ်မြောက် တရုတ်-ဂျပန် စီးပွားရေး အဆင့်မြင့်ဆွေးနွေးပွဲအား ကြီးမှူးကျင်းပမည်

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မတ် ၂၂ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် ၁၁ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် ကာလအတွင်း ဝမ်ရိသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya နှင့်အတူ ၆ ကြိမ်မြောက် တရုတ်-ဂျပန် စီးပွားရေး အဆင့်မြင့်ဆွေးနွေးပွဲကိုလည်း ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
王毅将出席中日韩外长会并主持第六次中日经济高层对话
新华社北京3月18日电 外交部发言人18日宣布:中共中央政治局委员、外交部长王毅将出席3月22日在日本东京举行的第11次中日韩外长会。在日本期间,还将同日本外相岩屋毅共同主持第六次中日经济高层对话。(完)