China
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ပီရူးနိုင်ငံသို့ ခရီးစဉ် သွားရောက်

လီမာ၊ မတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယ အကြီးအကဲ မာဟွေးက တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ပီရူးနိုင်ငံသို့ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ ခရီးစဉ် သွားရောက်ခဲ့ရာ ပီရူးနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Eduardo Salhuana ၊ ပီရူးနိုင်ငံ အဓိကနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ပီရူးနိုင်ငံရှိ နိုင်ငံတကာ နိုင်ငံရေးသုတေသနဌာန၌ တရုတ်-ပီရူးဆက်ဆံရေးနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ဟောပြောခဲ့သည်။
နှစ်ဖက်စလုံးအနေဖြင့် တရုတ်-ပီရူး ချစ်ကြည်ရေး၏ အခြေခံနက်ရှိုင်းရာ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို အတူတကွဖော်ဆောင်သွားလိုကြောင်း၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင် ဖော်ဆောင်သွားလိုကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမအား အရည်အသွေးမြင့် အတူတကွတည်ဆောက်သွားလိုပြီး တရုတ်-ပီရူး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် တိုးတက်လာစေရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
中共代表团访问秘鲁
新华社利马3月18日电(记者郝云甫)3月16日至18日,中联部副部长马辉率中共代表团访问秘鲁,会见秘国会主席萨卢安纳和主要政党领导人,在秘鲁国际政治研究院就中秘关系和中国发展发表演讲。双方一致表示,中秘友好基础深厚,愿共同落实好两国元首重要共识,增进政治互信,深化务实合作,高质量共建“一带一路”,推动中秘全面战略伙伴关系不断发展。(完)