North America
ထရမ့်က ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းမည့် အမိန့်ကြေညာချက်အား မကြာမီ လက်မှတ်ရေးထိုးမည်ဟု အမေရိကန်မီဒီယာများ ဆို

ဝါရှင်တန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရေးလုပ်ငန်းစဉ်အား တရားဝင်စတင်ရန် မတ် ၂၀ ရက်တွင် အမိန့်ကြေညာချက်ရေးထိုးရန် စီစဉ်ထားကြောင်း အမေရိကန်မီဒီယာများ၏ မတ် ၁၉ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါအမိန့်ကြေညာချက်တွင် ပညာရေးဝန်ကြီး Linda McMahon ကို “လိုအပ်သော အစီအမံအားလုံး လုပ်ဆောင်၍” ၎င်းဝန်ကြီးဌာန ပိတ်သိမ်းရန်၊ “ပညာရေးဆိုင်ရာ စီမံခန့်ခွဲခွင့်အား ပြည်နယ်အသီးသီးသို့ ပြန်လည်အပ်နှင်းရန်” တောင်းဆိုထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန၏ ကျန်ရှိသော ငွေအရင်းအနှီးလက်ခံသည့် စီမံကိန်း သို့မဟုတ် လှုပ်ရှားမှုသည် ဗဟုအသွင်ဖော်ဆောင်ရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်မှု၊ လိင်ခွဲခြားသတ်မှတ်မှုအသွင် စသည့် ဆွေးနွေးသည့် အကြောင်းအရာများ လုပ်ဆောင်ခြင်း မပြုရဟုလည်း အဆိုပါအမိန့်တွင် သတ်မှတ်ထားသည်။ အဆိုပါဆွေးနွေးသည့်အကြောင်းအရာများသည် ဒီမိုကရက်တစ်ပါတီမူဝါဒ၏ အဓိကဆွေးနွေးသည့်အကြောင်းအရာ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ခံထားရကြောင်း သိရသည်။
အမေရိကန်ပညာရေးဝန်ကြီးဌာနက ထိုမတိုင်မီ ဝန်ထမ်းအများအပြားအား လျှော့ချခဲ့ပြီးဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက မတ် ၁၁ ရက် ညပိုင်းတွင် ဝန်ထမ်းအများအပြား လျှော့ချသည့် အစီအစဉ်ကို စတင်ဖော်ဆောင်ခဲ့ပြီး ဝန်ထမ်း ၄,၀၀၀ ဦးအနက် ၁,၃၀၀ ဝန်းကျင်အား လျှော့ချသွားမည်ဟု မျှော်မှန်းထားရကြောင်း အမေရိကန်မီဒီယာက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်ရှေ့နေချုပ် ၂၁ ဦးက မတ် ၁၃ ရက်တွင် ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းလျှော့ချမှုနှင့်စပ်လျဉ်း၍ ထရမ့်အစိုးရအား တရားစွဲခဲ့သည်။ ပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းတစ်ဝက်အား အလုပ်ဖြုတ်ခြင်းသည် နယူးယောက်ပြည်နယ်မှ တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ အထူးသဖြင့် ဖက်ဒရယ်အရင်းအနှီးကို အားကိုးကြသည့် ဝင်ငွေနည်းသော ကျောင်းသား၊ ကျောင်းသူနှင့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူအုပ်စုအား ထိခိုက်စေမည်ဖြစ်ကြောင်း တရားစွဲဆိုမှုအား စတင်အဆိုပြုသူ၊ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Letitia James က ကြေညာချက်တစ်ရပ်တွင် ဆိုထားသည်။ အဆိုပါလုပ်ရပ်သည် “လူကို အလွန်အမင်းဒေါသထွက်စေသော” “ဆင်ခြင်တုံတရားကင်းမဲ့သည့် တရားမဝင်” လုပ်ရပ်ဖြစ်သည်ဟု ၎င်းက ဝေဖန်ခဲ့သည်။ (Xinhua)
——————-
(Chinese Version)
美媒称特朗普即将签署行政令解散教育部
新华社华盛顿3月19日电(记者熊茂伶)据多家美国媒体19日报道,美国总统特朗普拟于20日签署一项行政令,正式启动教育部解散程序。
报道称,行政令将要求教育部长琳达·麦克马洪“采取一切必要措施”推动该部门关闭,“将教育管理权归还各州”。此外,行政令还将规定,接受教育部剩余资金的项目或活动不得推进多元化、公平与包容以及性别意识形态等议题。这些议题被认为是民主党政策核心议题的一部分。
美国教育部此前已启动大规模裁员。美国媒体11日报道,教育部当晚起实施大规模裁员计划,预计裁减4000名员工中的约1300人。
美国21名民主党籍州总检察长13日就教育部裁员对特朗普政府提起诉讼。诉讼倡导者、纽约州总检察长利蒂希娅·詹姆斯在一份声明中表示,解雇教育部一半工作人员将伤害纽约州乃至全国学生,特别是那些依赖联邦资金的低收入学生和残疾学生群体。她批评这一行为“令人愤慨”“鲁莽且非法”。(完)
图说:2022年8月31日,在美国得克萨斯州普莱诺市,一所小学的学生与家长一起回家。新华社发(金新摄)