Connect with us

မြန်မာ-中文

ဝမ်ဟုနင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် မယ်တော် Norodom Monineath Sihanouk တို့ တွေ့ဆုံဆွေးနွေး

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ ဝမ်ဟုနင် ပေကျင်းမြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် မယ်တော် Norodom Monineath Sihanouk တို့အား မတ် ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ ဝမ်ဟုနင်သည် မတ် ၂၀ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် မယ်တော် Norodom Monineath Sihanouk တို့အား ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝမ်ဟုနင်က တရုတ်-ကမ္ဘောဒီးယားသည် အေးအတူပူအမျှဖြစ်ကာ အပြန်အလှန်ဖေးမကူညီသော မိတ်ဆွေကောင်းများ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုသည် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံနှုန်းမြင့်သော ခေတ်သစ်သို့ ဝင်ရောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားဘက်နှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုအား ထိန်းသိမ်းကာ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားလိုကြောင်း၊ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို တိုးမြှင့်ကာ တရုတ်-ကမ္ဘောဒီးယား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုကြီးမားသော တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Norodom Sihamoni နှင့် Norodom Monineath Sihanouk တို့က ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးကို နှစ်နိုင်ငံ ရှေးယခင်ခေါင်းဆောင်များက အတူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်က ကမ္ဘောဒီးယားအတွက် ကိုယ်ကျိုးမဲ့ ကူညီပေးမှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ကမ္ဘေားဒီယားနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသော အရေးပါအတွေးအခေါ်နှင့် အဆိုပြုချက်များအား များစွာ တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒအား လိုက်နာစောင့်ထိန်းကာ နှစ်ဖက် ကဏ္ဍစုံတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်၍ ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းအား လက်တွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ စိန်ယွဲ့ယွဲ့နှင့် ဝမ်တုန်းဖုန်းတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
王沪宁会见柬埔寨国王西哈莫尼和太后莫尼列
新华社北京3月20日电 全国政协主席王沪宁20日在京会见柬埔寨国王西哈莫尼和太后莫尼列。
王沪宁表示,中柬是同甘共苦、守望相助的铁杆朋友。在两国领导人战略引领下,中柬命运共同体建设迈入高质量、高水平、高标准的新时代。中方愿同柬方一道,保持高层交往,增进战略互信,深化互利合作,加强治国理政经验交流,推动中柬命运共同体建设不断取得新的更大进展。
西哈莫尼和莫尼列表示,柬中友谊由两国老一辈领导人共同缔造,感谢中方为柬方提供的无私帮助。柬方高度赞赏习近平主席提出的重大理念和倡议,将恪守一个中国原则,深化双方各领域交流合作,携手构建柬中命运共同体。
沈跃跃、王东峰等参加会见。(完)
图说:3月20日,全国政协主席王沪宁在北京会见柬埔寨国王西哈莫尼和太后莫尼列。 新华社记者 高洁 摄