China
တရုတ်နိုင်ငံက ဥရောပသမဂ္ဂ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်း၊ နည်းပညာအချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းသည့် မိတ်ဖက် ဖြစ်သည်ဟု တရုတ်နိုင်ငံ အရာရှိ ပြောကြား

ဘရပ်ဆဲလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဥရောပသမဂ္ဂ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်း၊ နည်းပညာအချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းသည့် မိတ်ဖက် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုက်ဘာနှင့် ဒစ်ဂျစ်တယ်ရေးရာ ညှိနှိုင်းရေးမှူး ဝမ်လိန်က မတ် ၁၈ ရက်တွင် ၉ ကြိမ်မြောက် တရုတ်-ဥရော ဆိုက်ဘာကဏ္ဍဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ၌ အလေးထားပြောကြားခဲ့သည်။
တရုတ်-ဥရောပသမဂ္ဂသည် အခြေခံအကျိုးစီးပွားထိပ်တိုက်ဖြစ်မှု မရှိသလို ပထဝီနိုင်ငံရေး ပဋိပက္ခလည်းမရှိဘဲ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြသည့် မိတ်ဖက်များ ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားခဲ့သည်။
ယင်းမှာ တရုတ်နိုင်ငံက တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးအပေါ် ထားရှိသည့် မဟာဗျူဟာ ဦးတည်ချက် ဖြစ်သလို တရုတ်-ဥရောပသမဂ္ဂ ဆိုက်ဘာ လုံခြုံရေးနှင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု ဆက်ဆံရေးကို စီမံရာတွင် အဓိကသော့ချက်လည်း ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဟူသော မဟာဗျူဟာအသိကို အပြန်အလှန်အားဖြင့် ထူထောင်ထားသင့်ကာ နှစ်ဖက်ကုမ္ပဏီလုပ်ငန်းများအတွက် တံခါးဖွင့်လှစ်မှု၊ တရားမျှတမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိသော စီးပွားရေးပတ်ဝန်းကျင်နှင့် အနေအထားကို ဖန်တီးပြီး တရုတ်-ဥရောပသမဂ္ဂ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုကို အတူတကွ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် ဖြစ်သလို တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့လှမ်းချီမည့် အရေးကြီးဆုံချက်လည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး၏ အခွင့်အလမ်း၊ နည်းပညာ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းသည့် မိတ်ဖက် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် မိမိ၏ ရေရှည် အကျိုးစီးပွား ရှုထောင့်မှ စတင်၍ တရုတ် ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေး၏ မိတ်ဖက်အဖြစ် ဆောင်ရွက်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ ပြည်ပလှုပ်ရှားမှုဌာန ဆိုက်ဘာရေးရာ ညှိနှိုင်းရေးမှူး Manon Le Blanc က လက်ရှိ ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံရေး တိုးတက်မှုသည် အရေးကြီးအချိန်အခါသို့ ကျရောက်နေရာ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံတွင် အပြုသဘော အပြန်အလှန်ဖလှယ်မှုများ ဆောင်ရွက်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။ ဆိုက်ဘာနှင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ဥရောပသမဂ္ဂ-တရုတ်သည် ဘုံအကျိုးစီးပွားနှင့် ဘုံရည်မှန်းချက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ရိုးသားမှု၊ ပွင့်လင်းမှုရှိသည့် ညှိနှိုင်းဆွေးနွေးမှုများဖြင့် အပြန်အလှန်ယုံကြည်မှု တိုးပွားအောင်၊ ဘုံသဘောတူညီချက် စုစည်းအောင် ဆောင်ရွက်ပြီး ဆိုက်ဘာစပေ့ရှ် (cyberspace) အန္တရာယ် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သွားရန်၊ ဆိုက်ဘာစပေ့ရှ်လုံခြုံရေး၊ တံခါးဖွင့်ရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်၊ နှစ်ဖက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုရန် တာဝန်ရှိပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၁၈ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အနေဖြင့် တရုတ်-ဥရောပသမဂ္ဂ ဆိုက်ဘာနှင့် ဒစ်ဂျစ်တယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စသည့် သက်ဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
中方官员:中国是欧盟数字发展的机遇、维护技术主权的伙伴
新华社布鲁塞尔3月19日电 中国外交部网络和数字事务协调员王磊18日在第九次中欧网络对话中强调,中国是欧盟数字发展的机遇、维护技术主权的伙伴。
中方表示,中欧没有根本利害冲突,也没有地缘政治矛盾,是相互成就的伙伴。这是中方对中欧关系的战略定位,也是处理中欧网络安全和数字发展关系的总钥匙。双方应树立互为数字发展伙伴的战略认知,为双方企业创造开放、公平、合作的营商环境和氛围,共同促进中欧数字创新。今年是中国同欧盟建交50周年,是中欧关系承前启后的重要节点。中国是欧盟数字发展的机遇、维护技术主权的伙伴。希望欧方从自身长远利益出发,成为中国数字发展的伙伴。
欧盟对外行动署网络事务协调员玛农·勒布朗表示,当前正值欧中关系发展的重要时刻,欧方愿与中方在各领域开展建设性互动,增进互利合作。欧中在网络和数字领域拥有共同利益和共同目标。双方有责任通过坦诚、开放的沟通对话,增进互信,凝聚共识,共同应对网络空间风险挑战,维护网络空间安全、开放与稳定,造福双方经济社会发展。 本次对话18日在比利时首都布鲁塞尔举行,双方就中欧网络和数字合作及全球治理等相关议题交换了意见。(完)
图说:3月3日,在西班牙巴塞罗那举行的2025年世界移动通信大会上,人们参观华为展区。 新华社记者 赵丁喆 摄