Africa & Middle East
ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဟားမက်စ်က လူ ၅ ဦး ပြန်လွှတ်ပေးရန် အီဂျစ် အသစ်ထပ်မံအဆိုပြု

ကိုင်ရို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ပြီး အီဂျစ်သည် မတ် ၂၃ ရက် ညပိုင်းတွင် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ထံ အရေးပေါ်အဆိုပြုချက်တစ်ရပ် အဆိုပြုခဲ့ကြောင်း အီဂျစ်လုံခြုံရေးဝန်ကြီးဌာနမှ သတင်းအရင်းအမြစ်နှစ်ဦးက မတ် ၂၄ ရက်တွင် ဆင်ဟွာသတင်းထောက်အား ပြောပြခဲ့သည်။
အဆိုပါ အဆိုပြုချက်၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဒုတိယအဆင့် စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ရေးအတွက် အသင့်ပြင်ဆင်ရန် အမေရိကန်၊ အစ္စရေး နိုင်ငံသားလက်မှတ်နှစ်ခု ကိုင်ဆောင်ထားသည့် အစ္စရေးစစ်သား တစ်ဦးအပါအဝင် အသက်ရှင်လျက်ရှိသော ဖမ်းဆီးထိန်းသိမ်းခံရသူ ၅ ဦးကို ပြန်လွှတ်ပေးခြင်းဖြင့် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲမှုရရှိရေးကို လဲလှယ်ရယူရန် ဟားမက်စ်ကို တောင်းဆိုခဲ့သည်။ ဟားမက်စ်က အဆိုပါအဆိုပြုချက်ကို သဘောတူခဲ့ကြောင်း သတင်းအရင်းအမြစ်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
………………………….
(Chinese Version)
埃及新提议:哈马斯放5人换40天停火
新华社开罗3月24日电(记者董修竹)两名埃及安全部门消息人士24日告诉新华社记者,埃及已于23日晚向以色列和巴勒斯坦伊斯兰抵抗运动(哈马斯)提出一项紧急提议,旨在恢复执行加沙停火协议。
这项提议要求哈马斯释放5名活着的以色列被扣押人员,其中包括一名拥有以色列和美国双重国籍的以方士兵,换取在加沙地带停火40天,为恢复停火协议第二阶段谈判做准备。按消息人士的说法,哈马斯已表示同意该提议。(完)
图说:3月22日,从加沙地带北部拜特拉希耶撤离的巴勒斯坦民众经过加沙城。 新华社发(阿卜杜勒·拉赫曼·萨拉马摄)