Connect with us

Asia

ရုရှားနှင့် အမေရိကန်က နိုင်ငံတကာအသိုက်အဝန်း ပါဝင်မှုဖြင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ဝင် ဆို

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးသည့် ဟိုတယ်အား ၂၀၂၅ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ရုရှားနှင့် အမေရိကန်သည် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၏ ပါဝင်မှုဖြင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ (အထက်လွှတ်တော်) နိုင်ငံတကာရေးရာကော်မတီ ဥက္ကဋ္ဌ Grigory Karasin က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက မတ် ၂၅ ရက်တွင် သတင်းဖော်ပြထားသည်။

ရုရှားနှင့် အမေရိကန်တို့သည် မတ် ၂၄ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး Grigory Karasin သည် ရုရှားဘက်မှ ဆွေးနွေးသည့် ကိုယ်စားလှယ်အများအနက် တစ်ဦးဖြစ်ကြောင်း သိရသည်။

ရုရှားနှင့်အမေရိကန်တို့၏ ဆွေးနွေးမှုကိုယ်စားလှယ်များသည် “ခက်ခဲသော်လည်း အပြုသဘောဆောင်သည့်” ဆွေးနွေးမှုတစ်ရပ်လုပ်ဆောင်ခဲ့ကြောင်း၊ အကြောင်းအရာများစွာ ဆွေးနွေးခဲ့ပြီး နှစ်ဖက်လုံးအတွက် အကျိုးဖြစ်ထွန်းကြောင်း၊ နှစ်ဖက်၏ သဘောထားရပ်တည်ချက်သည် တစ်ထပ်တည်းမကျသော်လည်း ညှိနှိုင်းလုပ်ဆောင်မည့် နည်းလမ်းများကို စူးစမ်းရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ဖုန်းဖြင့်မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ရုရှားနှင့် အမေရိကန်သည် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် အချို့သော အခြားနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကိုလည်း ပါဝင်လာစေမည်ဖြစ်ကြောင်း၊ ခြုံငုံပြောဆိုရမည်ဆိုပါက ထိုကဲ့သို့ အပြုသဘောဆောင်သည့် ဆွေးနွေးမှုသည် “မရှိမဖြစ် လိုအပ်သော” အရာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————
(Chinese Version)
俄代表团成员:俄美将在国际社会参与下继续对话
新华社莫斯科3月25日电(记者安晓萌)据塔斯社25日报道,俄罗斯联邦委员会(议会上院)国际事务委员会主席卡拉辛说,俄罗斯与美国将在联合国和其他国家的参与下继续对话。
俄美24日在沙特阿拉伯首都利雅得举行谈判。卡拉辛是俄方谈判代表之一。他在电话采访中表示,俄美谈判代表进行了一场“艰难但富有建设性的”对话,讨论了许多问题,对双方都有益。尽管双方立场不尽相同,但会探索协作的形式。
他说,俄美将继续对话,并让国际社会参与进来,包括联合国和其他一些国家。总体而言,这种建设性对话“必要且不可或缺”。(完)
图说:这是3月24日在沙特阿拉伯首都利雅得拍摄的美俄代表团举行会谈的酒店。新华社记者 王东震 摄