Connect with us

China

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် လူပုံစံတူ စက်ရုပ် ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးမှု အရှိန်မြှင့်ဖော်ဆောင်

Wuhan Haocun Technology Co., Ltd တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များက လူပုံစံတူ စက်ရုပ်၏ လှုပ်ရှားမှုအာရုံကြောစနစ်အား ချိန်ညှိစမ်းသပ်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ယခုနှစ်များတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ်သည် သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုကို ပင်မထား၍ အရှိန်မြှင့် ပျိုးထောင်လျက်ရှိပေသည်။ ပြည်နယ်အတွင်း အားကောင်းသော သိပ္ပံသုတေသနအင်အားနှင့် ကုန်ထုတ်လုပ်ငန်းအခြေခံကို အားကိုး၍ အဆင့်မြင့်ပညာကျောင်းများ၊ သိပ္ပံသုတေသနဌာနများ၊ ကုမ္ပဏီလုပ်ငန်းများကို စုစည်းပြီး သိပ္ပံသုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ “အသုံးချမှု” ကို ဦးစာပေးဦးတည်ချက်အဖြစ် ထားရှိသလို အသုံးချသည့်အခြေအနေများ အပြည့်အဝချဲ့ထွင်ကာ လူပုံစံတူစက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း ဆန်းသစ်တိုးတက်ရေးအား မြှင့်တင်ဆောင်ရွက်ခဲ့သည်။

လက်ရှိတွင် ဟူပေပြည်နယ်သည် လူပုံစံတူစက်ရုပ်ကုန်ထုတ်လုပ်ငန်းတွင် အဓိကကုမ္ပဏီလုပ်ငန်းများ စုစည်းထားပြီး အောင်မြင်မှုရလဒ်အချို့သည် စမ်းသပ်ခန်းမှ ကုန်ထုတ်လုပ်ရေးလိုင်းသို့ အရှိန်မြှင့် လျှောက်လှမ်းလျက်ရှိသည်။ (Xinhua)

——————-
(Chinese Version)
湖北:加快人形机器人产业发展
近年来,湖北省加大对科技创新主体引培,依托省内强大的科研力量和产业基础,组织省内多所高校、科研院所、企业进行科研攻关,以“用”为导向,全力拓展应用场景,促进人形机器人产业创新发展。
目前,湖北省人形机器人产业已集聚一批重点企业,部分成果正加速从实验室走向生产线。
1. 3月24日,在武汉灏存科技有限公司,研发团队成员在调试人形机器人运动神经中枢系统。
新华社记者 杜子璇 摄