Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိ

တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များ မြန်မာနိုင်ငံ မန္တလေးမြို့တွင် လုပ်ငန်းများ စတင်လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အဖွဲ့ဝင် ၁၅ ဦးပါဝင်သော တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့သည် ဒေသစံတော်ချိန် မတ် ၃၁ ရက် နံနက် ၇ နာရီ ၄၈ မိနစ်တွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့ကို တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဖွဲ့ဝင်များသည် မန္တလေးမြို့၌ အဆောက်အဦဖြိုဖျက်၍ ရှာဖွေကယ်ဆယ်ရေး၊ သူနာပြုစုကုသရေးနှင့် ရွှေ့ပြောင်းပို့ဆောင်ရေး၊ ကုသရေးနှင့် ကယ်ဆယ်ကူညီရေး၊ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း စသည့် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များ မြန်မာနိုင်ငံ မန္တလေးမြို့တွင် လုပ်ငန်းများ စတင်လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – တရုတ်နိုင်ငံ ကြက်ခြေနီ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့)

——————–
(Chinese Version)
中国红十字国际救援队抵达缅甸曼德勒市
新华社仰光3月31日电(记者黎广滔)当地时间3月31日7时48分,中国红十字国际救援队一行15人抵达缅甸曼德勒市。
据了解,救援队由中国应急管理部、中国红十字会总会统筹组织,队员将在曼德勒市开展破拆搜救、护理转运、医疗救助和心理疏导等抗震救灾工作。(完)
图说:3月31日,中国红十字国际救援队成员在缅甸曼德勒开展工作。新华社发(中国红十字国际救援队供图)