Connect with us

Asia

တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် ညှိနှိုင်းရေးအစည်းအဝေး ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပ

မြန်မာနိုင်ငံ မြဝတီမြို့ဒေသရှိ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၂၀၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်ပြည်သူ့လုံခြုံရေးဌာနက ထိန်းသိမ်းခေါ်ဆောင်ခဲ့သည်ကို တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် နန်ကျင်းမြို့ လုခိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနများသည် မကြာသေးမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့် ညှိနှိုင်းရေးအစည်းအဝေး ကျင်းပခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း ထပ်မံနက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြရာ သဘောတူညီချက်များစွာ ရရှိခဲ့သည်။

လက်ရှိ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု အခြေအနေများ ဆိုးရွားလျက်ရှိပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုနှင့် လူမှုရေး တည်ငြိမ်မှုကို အလွန်အမင်း ထိခိုက်စေရာ နိုင်ငံအသီးသီး နိုင်ငံသားများ၏ တရားဝင်အခွင့်အလမ်းနှင့် အကျိုးစီးပွားကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေကြောင်း အစည်းအဝေးတွင် ထောက်ပြခဲ့သည်။ တရုတ်-မြန်မာ-ထိုင်း သက်ဆိုင်ရာဌာနများသည် နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံနက်ရှိုင်းစွာ ဆောင်ရွက်သွားရမည်ပြီး တိုက်ဖျက်ရေးအင်အားကို ဖြည့်တင်းကာ ယင်းကဲ့သို့ ရာဇဝတ်မှုများ အဖြစ်များသည့် အခြေအနေကို တက်ကြွ၊ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းသွားရမည် ဖြစ်ကြောင်း၊ ရာဇဝတ်ဂိုဏ်းများ ရှင်သန်သည့်အနေအထားကို အဆုံးစွန် လျှော့ချရမည်ပြီး အဆိပ်အတောက်များကို အတူတကွ အမြစ်ပြတ်ရှင်းလင်းပစ်ကာ နိုင်ငံအသီးသီး နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို အခိုင်အမာ ကာကွယ်သွားရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုအကြိမ် အစည်းအဝေးသည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုအား တရုတ်-မြန်မာ-ထိုင်း အတူတကွ တိုက်ဖျက်သည့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု အဓိကအဆင့် ရလဒ်ဖြစ်ကြောင်း အစည်းအဝေးက အလေးထားဖော်ပြထားသည်။ သုံးနိုင်ငံအနေဖြင့် ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး သဘောတူညီချက်များကို ထဲထဲဝင်ဝင် လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ပြီး ပုံမှန် ညှိနှိုင်းရေး ယန္တရား တည်ဆောက်ရမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက် မျှဝေမှုကို အားဖြည့်ကာ နေရပ်ပြန်ပို့ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုက်ဖျက်ရေး အရည်အသွေးနှင့် ထိရောက်မှုကို အဆက်မပြတ် မြှင့်တင်သည့် တစ်ချိန်တည်းတွင်ပင် အခြားနိုင်ငံများနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအား အတူတကွ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မကြာသေးမီကာလများတွင် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှု များစွာကို တရုတ်-မြန်မာ-ထိုင်း သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ မြဝတီမြို့ဒေသရှိ လိမ်လည်မှု ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၆၂၀ ကျော်ကို အောင်မြင်စွာ ပြန်လည် ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————————————————–
(Chinese Version)
中缅泰联合打击跨国电信网络诈骗犯罪部级协调会议在泰国曼谷召开
新华社曼谷3月3日电(记者林昊)中国和缅甸、泰国有关部门近日在泰国曼谷召开联合打击跨国电信网络诈骗犯罪部级协调会议,就进一步联合打击跨国电信网络诈骗犯罪问题深入交换意见并取得一系列共识。
会议指出,当前跨国电信网络诈骗犯罪形势严峻,极大危害区域经济发展和社会稳定,严重侵害各国公民合法权益。中缅泰有关部门要进一步深化国际执法合作,加大打击力度,积极有效应对此类犯罪高发态势,最大限度压缩犯罪团伙生存空间,共同铲除毒瘤,坚决保护各国公民人身财产安全。
会议强调,此次会议是中缅泰共同打击跨国电信网络诈骗犯罪执法合作重要阶段性成果。三方要深入落实联合打击电信网络诈骗犯罪的共识,建立常态化协调机制,加强信息共享,持续开展遣返工作并完善流程,不断提升打击质效,同时加强与其他国家执法合作,共同维护地区和平安宁。
据了解,近期中缅泰有关部门开展了一系列联合打击跨国电诈犯罪行动,成功遣返缅甸妙瓦底地区中国籍涉诈犯罪嫌疑人620余名。(完)
1. 2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。