မြန်မာ-中文
တစ်နှစ်တာအတွင်း ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းမှုအား စဉ်ဆက်မပြတ် အားဖြည့်ခဲ့ပြီး အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို မြှင့်တင်ခဲ့ဟု အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် ပြောကြား

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တစ်နှစ်တာအတွင်း ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းမှုအား စဉ်ဆက်မပြတ် အားဖြည့်ခဲ့ပြီး အစိမ်းရောင် ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို မြှင့်တင်ခဲ့သည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက်၌ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဂေဟပတ်ဝန်းကျင် ဘက်စုံစီမံခန့်ခွဲမှုအား တိုးမြှင့်ရာတွင် အဓိကညစ်ညမ်းပစ္စည်းများ စွန့်ထုတ်မှုပမာဏကို ဆက်လက် လျှော့ချခဲ့ကြောင်း၊ အရေးပါသည့် ဂေဟစနစ်ထိန်းသိမ်းမှုနှင့် ကုစားရေး လုပ်ငန်းကြီးများအား ထဲထဲဝင်ဝင်ဖော်ဆောင်ကာ သဲကန္တာရအသွင်၊ သဲမြေအသွင် ဧရိယာများအား စဉ်ဆက်မပြတ် “နှစ်မျိုးလျှော့ချခြင်း” ကို ဖော်ဆောင်ခဲ့ကြောင်း၊ အရေးပါသည့်လုပ်ငန်းများ စွမ်းအင်ချွေတာ၍ ကာဗွန်လျှော့ချမှုဆိုင်ရာ ပြုပြင်တည်ဆောက်မှုအား တွန်းအားပေးပြီး စွမ်းအင်သစ်ဖော်ဆောင် အသုံးပြုမှုကို မြှင့်တင်ခဲ့ကြောင်း၊ ရုပ်ကြွင်းမဟုတ်သော စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ၏ ၄၀ ရာခိုင်နှုန်းနီးပါးဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မိမိဆန္ဒအလျောက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်းဆိုင်ရာ ကုန်သွယ်ရေးဈေးကွက်ကို စတင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ကာဗွန်စွန့်ထုတ်ပိုင်ခွင့် ကုန်သွယ်မှုသည် ပိုမိုတက်ကြွလာကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
两会·要闻|李强在政府工作报告中介绍,一年来持续加强生态环境保护,提升绿色低碳发展水平
新华社北京3月5日电 国务院总理李强5日在政府工作报告中介绍,一年来,持续加强生态环境保护,提升绿色低碳发展水平。
强化生态环境综合治理,主要污染物排放量继续下降。深入实施重要生态系统保护和修复重大工程,荒漠化、沙化土地面积持续“双缩减”。推动重点行业节能降碳改造,推进新能源开发利用,非化石能源发电量占总发电量的比重接近40%。启动全国温室气体自愿减排交易市场。全国碳排放权交易更趋活跃。(完)
图说:3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。 新华社记者 燕雁 摄