China
အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
မတ် ၄ ရက်၌ ကျင်းပသည့် အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် အီဂျစ် စသည့် အာရပ်နိုင်ငံများက ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက် ဆက်လက်ထိရောက်စွာ ဖော်ဆောင်ရေးအား တွန်းအားပေးရန်၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ရေးနှင့် ဂါဇာဒေသ လုံခြုံတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများအား ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။
ပါလက်စတိုင်းသားပြည်သူများ အသိအမှတ်ပြုသော၊ အာရပ်နိုင်ငံများ သဘောတူညီသော စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲရေးအစီအစဉ်များကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ စစ်ပွဲအလွန် ဂါဇာဒေသ စီမံခန့်ခွဲမှုတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကိုလိုက်နာ၍ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နှင့် အပြန်အလှန်ချိတ်ဆက်ကာ နောက်ဆုံးတွင် ပါလက်စတိုင်းနှင့် အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိရေး၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ်အေးချမ်းရေးတို့ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မတ် ၄ ရက်တွင် အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်၌ ကျင်းပသော အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးတွင် အီဂျစ်က အဆိုပြုသည့် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား အတည်ပြုခဲ့ပြီး လွတ်လပ်သောကော်မတီဖွဲ့စည်း၍ ပါလက်စတိုင်း၏ ဂါဇာဒေသအား ယာယီစီမံခန့်ခွဲရန် သဘောတူညီခဲ့ကြကြောင်း အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီက ထိုနေ့ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
外交部:支持埃及等阿拉伯国家为恢复加沙安全稳定所作努力
新华社北京3月5日电(记者马卓言、王慧慧)就4日阿拉伯国家紧急峰会通过了埃及提出的加沙重建计划,外交部发言人林剑5日表示,中方支持埃及等阿拉伯国家为推动加沙停火协议连续有效执行、推进加沙人道救援和恢复加沙安全稳定所作努力。
林剑在例行记者会上答问时说,中方支持巴勒斯坦人民认可的、阿拉伯国家有共识的加沙战后治理方案。加沙战后治理应坚持“巴人治巴”原则,与“两国方案”相互衔接,最终实现巴以和平共存、中东长治久安。
埃及总统塞西4日晚宣布,当天在埃及新行政首都召开的阿拉伯国家紧急峰会通过了埃及提出的加沙重建计划,同意设立独立委员会暂管巴勒斯坦的加沙地带。(完)