China
၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး ပမာဏ လျင်မြန်စွာတိုးတက်လာ

ချင်းကျိုး (ကွမ်ရှီး)၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရထားလမ်း နန်နင်းအုပ်စု ကုမ္ပဏီလီမိတက်၏ စာရင်းကောက်ယူချက်အရ မတ် ၄ ရက်အထိ ယခုနှစ်အတွင်း တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ရထားလမ်း- ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်သော ကုန်ပစ္စည်းပမာဏသည် TEU ၂၂၆,၀၀၀ ရှိကာ ယမန်နှစ် ကာလတူထက် ၆၁.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်၏ ပင်လယ်ရေကြောင်းလမ်း ပူးတွဲသယ်ယူပို့ဆောင်သော ကုန်ပစ္စည်း အမျိုးအစားကို ၁,၂၃၄ မျိုးအထိ တိုးမြှင့်ထားပြီးဖြစ်ရာ တရုတ်နိုင်ငံ ပြည်နယ် (ဒေသ၊ မြို့) ၁၈ ခု၊ မြို့ ၇၃ မြို့နှင့် ရပ်နားရာနေရာ ၁၅၈ ခုအထိ ဖြန့်ကြက်ထားပြီး တစ်ကမ္ဘာလုံး နိုင်ငံနှင့် ဒေသပေါင်း ၁၂၇ ရှိ ဆိပ်ကမ်းပေါင်း ၅၅၆ ခုသို့ ပို့ဆောင်ရောက်ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

ရထားလမ်း-ရေလမ်းကြောင်း ပူးတွဲရထားတွဲ ချင်းကျိုးဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်ပေါ်တွင် ပြေးဆွဲနေပုံကို မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————–
(Chinese Version)
2025年前2个月西部陆海新通道铁海联运货物量迅速增长
新华社照片,钦州(广西),2025年3月5日
中国铁路南宁局集团有限公司统计显示:截至3月4日,今年西部陆海新通道铁海联运货物22.6万标箱,同比增幅61.3%。当前,西部陆海新通道铁海联运班列货物运输品类已增加到1234种,辐射我国18个省(区、市)73个城市158个站点,通达全球127个国家及地区的556个港口。
图说1:3月4日拍摄的钦州港码头夜景(无人机照片)。新华社记者 张爱林 摄
图说2:3月5日,铁海联运班列驶离钦州港,穿行在西部陆海新通道上。新华社记者 张爱林 摄