Connect with us

မြန်မာ-中文

မသေချာမရေရာသောကမ္ဘာကို တရုတ်နိုင်ငံ၏ သေချာမှုဖြင့် တည်ငြိမ်စေမည်ဟု ဝမ်ရိ ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ပေကျင်းမြို့ မီဒီယာစင်တာ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် မတ် ၇ ရက်က ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ “တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေး” နှင့် စပ်လျဉ်းသော မေးမြန်းမှုများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာအတွက် တရုတ် သံတမန်ရေး၏အခန်းကဏ္ဍကို ဆွေးနွေးခဲ့သည်။
ဝမ်ရိက ယနေ့ကမ္ဘာကြီးသည် ပြောင်းလဲရှုပ်ထွေးနေပြီး သေချာမှုသည် နေ့နှင့်အမျှ ကမ္ဘာ့ရှားပါး အရင်းအမြစ်ဖြစ်လာကြောင်း၊ နိုင်ငံအသီးသီး အထူးသဖြင့် နိုင်ငံကြီးများက မည်သို့ ရွေးချယ်ဆုံးဖြတ်ခြင်းသည် ခေတ်၏ ဦးတည်ချက်ကို အဆုံးအဖြတ်ပေးပြီး ကမ္ဘာ့အခင်းအကျင်းအပေါ် သက်ရာက်မှုရှိမည်ဖြစ်ကြောင်း၊ တရုတ်သံတမန်ရေးသည် သမိုင်း၏ မှန်ကန်သောဘက်တွင် ခိုင်မာမြဲမြံစွာ ရပ်တည်သွားမည်ဖြစ်သလို လူသားမျိုးနွယ် တိုးတက်ရေးဘက်တွင် ရပ်တည်၍ တရုတ်နိုင်ငံ၏ သေချာမှုဖြင့် မသေချာမရေရာသောကမ္ဘာကို တည်ငြိမ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် နိုင်ငံ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင် ခိုင်မာသည့် အင်အားဖြစ်စေမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူများတွင် ပင်ကိုမဆုတ်မနစ်ကြိုးပမ်းသည့် ဂုဏ်ယူဖွယ်ရာ အစဉ်အလာ ရှိရာ မိမိတို့သည် မည်သည့်အခါမျှ ရန်စခြင်းမရှိ၊ ရန်စလာလျှင်လည်း ကြောက်ရွံ့ခြင်း ပို၍ပင် မရှိ ကြောင်း၊ မည်သည့် အဆုံးစွန်ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းက ၁.၄ ဘီလီယံရှိသော တရုတ်ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို တုန်လှုပ်နိုင်မည်မဟုတ်သလို တရုတ်အမျိုးသားတို့၏ မဟာပြန်လည် အားသစ်လောင်းရေး သမိုင်းခြေလှမ်းကိုလည်း တားဆီးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရာတွင် ဓမ္မဓိဋ္ဌာန်ကျသော အင်အား ဖြစ်စေမည်ဖြစ်ကြောင်း၊ တန်းတူညီမျှမှု၊ တံခါးဖွင့်လှစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်တိုးချဲ့သွားပြီး တရုတ်ဝိသေသ လက္ခဏာဆောင်သည့် ဂရုပြုကြသည့် ပြဿနာများကို ဖြေရှင်းသည့်နည်းလမ်းကို အပြုသဘောဆောင်လက်တွေ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်ပြီး ကိုယ်ကိုယ်ကိုယ်ကြိုးစားရပ်တည်မှု စာမျက်နှာသစ်ကို ရေးသားသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် တည်ငြိမ်၍ ခရီးဝေးကို ရောက်ရှိစေမည့် ထွန်းလင်းတောက်ပသော လမ်းကြောင်းဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ ဘုံရွေးချယ်မှုလည်း ဖြစ်သင့်သည်ကို လက်တွေ့ သက်သေပြသွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မိမိတို့သည် နိုင်ငံတကာ တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုကို ထိန်းသိမ်းကာကွယ်ရာတွင် တိုးတက်ရေး အင်အား ဖြစ်စေမည်ဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာကျင့်သုံးကာ လူသားမျိုးနွယ် အနာဂတ်ကို ရင်ဝယ်ပိုက်ကာ၊ ပြည်သူအကျိုးစီးပွားဟူသောအတွေးဖြင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို တွန်းအားပေးကာ တန်းတူညီမျှပြီး စနစ်တကျရှိသော ကမ္ဘာ့ဗဟုအသွင်ပြောင်းမှု တည်ဆောက်ရေးအတွက် ပိုမိုကျယ်ပြန့်သော ဘုံသဘောတူညီမှုများကို စုစည်းမည် ဖြစ်သလို ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်မှန်းချက်နှင့် မူဝါဒများကို စွဲစွဲမြဲမြဲလိုက်နာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့သည် ကမ္ဘာလုံးဆိုင်ရာ ဘုံဖွံ့ဖြိုးတိုးတက်မှု၏ တည်ဆောက်ရေး အင်အားဖြစ်စေမည်ဖြစ်ကြောင်း၊ အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်ရေးကို ဆက်လက်တိုးချဲ့ကာ တရုတ်ခေတ်မီအသွင်ပြောင်းခြင်း၏ ကျယ်ပြန့်သော အခွင့်အလမ်းများကို နိုင်ငံအသီးသီးနှင့်အတူ မျှဝေသွားမည်ဖြစ်ကြောင်း၊ နိုင်ငံစုံ လွတ်လပ်သော ကုန်သွယ်ရေး စနစ်ကို ထိန်းသိမ်းကာကွယ်ကာ တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်မှု ရှိပြီး အတန်းအစားခွဲခြားမှု မရှိသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကို ဖန်တီးမည် ဖြစ်ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းကာ အားလုံးပါဝင်သည့် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းကို တွန်းအားပေးမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

 

…………………….
(Chinese Version)
两会·外长记者会|王毅:以中国的确定性稳住不确定的世界
新华社北京3月7日电 中共中央政治局委员、外交部长王毅7日在两会记者会上谈及中国外交为世界发挥的作用。
王毅表示,当今世界变乱交织,确定性日益成为全球稀缺资源。各国尤其是大国作出何种抉择,将决定时代方向、影响世界格局。中国外交将坚定不移地站在历史正确的一边,站在人类进步的一边,将以中国的确定性稳住不确定的世界。
王毅说,我们将做捍卫国家利益的坚定力量。中国人民有着自强不息的光荣传统,我们从不惹事,更不怕事。任何极限施压、威胁讹诈,都无法撼动14亿中国人民的众志成城,都不能阻挡中华民族伟大复兴的历史步伐。
我们将做维护世界和平稳定的正义力量。继续拓展平等、开放、合作的全球伙伴关系,积极践行中国特色热点问题解决之道,与全球南方谱写团结自强的新篇章。我们将用事实证明,和平发展这条路是行稳致远的光明大道,也应当成为世界各国的共同选择。
我们将做维护国际公平正义的进步力量。坚持真正的多边主义,以人类前途为怀、人民福祉为念,推动共商共建共享的全球治理,恪守联合国宪章的宗旨和原则,为构建平等有序的世界多极化凝聚更广泛的共识。
我们将做促进全球共同发展的建设力量。继续扩大高水平对外开放,同各国分享中国式现代化的广阔机遇。维护多边自由贸易体制,营造开放、包容、非歧视的国际合作环境,推进普惠包容的经济全球化。(完)
图说:3月7日,十四届全国人大三次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 刘大伟 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.