China
သမ္မတ ရှီကျင့်ဖိန်က လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအသိုက်အဝန်း ၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဧပြီ ၉ ရက်တွင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဟွန်ဒူးရပ်စ်နိုင်ငံ၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
လက်ရှိ ကမ္ဘာကြီးသည် ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့် ဆင့်ကဲ ပြောင်းလဲလျက်ရှိရာ တရုတ်နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ပါဝင်သည့် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံ” များ၏ အရှိန်အဟုန်မှာ အားကောင်းကြီးမားလာကြောင်း ရှီကျင့်ဖိန်က ထောက်ပြထားသည်။
CELAC သည် လွတ်လပ်စွာ သီးခြားရပ်တည်မှု၊ ပူးပေါင်း၍ မိမိကိုယ်ကိုယ်အားကိုးမှုအား လက်ကိုင်ထားကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်း တစ်သားတည်းအသွင်ပြောင်းမှု တွန်းအားပေးရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ လက်တင်အမေရိက၊ ကာရေဘီယံနိုင်ငံများနှင့် ပြည်သူများက ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးလမ်းကြောင်းတွင် ပိုမိုကြီးမားသည့် အောင်မြင်မှုများ ဆွတ်ခူးရရှိပြီး “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်ပေးရန် လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းပေးအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ၏ စမ်းသပ်ချက်ကို ကျော်ဖြတ်ကာ တန်းတူညီမျှသော၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော၊ ဆန်းသစ်တီထွင်သော၊ တံခါးဖွင့်သော၊ ပြည်သူအကျိုးပြုသော အဆင့်အသစ်ကို ရောက်နေပြီဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
နှစ်ဖက်၏ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် တိုးချဲ့လာကြောင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဆက်ဆံမှုများလည်း တစ်နေ့တခြား နီးကပ်လာပြီး တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ နှစ်ဖက်ပြည်သူများကို အကျိုးဖြစ်ထွန်းစေကာ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်အတူ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိရေးအား တွန်းအားပေးသွားလိုကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ပေကျင်းမြို့၌ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးအား ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ အတူဆွေးနွေးရန်၊ ကြီးမြတ်သော ပူးပေါင်းဆောင်ရွက်မှုများ အတူဖော်ဆောင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ အတူရင်ဆိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ဉာဏ်ပညာနှင့် အင်အားများဖြင့် အကျိုးထမ်းဆောင်ပေးရန် CELAC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသို့ အစည်းအဝေး လာရောက်တက်ရောက်ရန် ကြိုဆိုပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)
———————–
(Chinese Version)
习近平向拉美和加勒比国家共同体第九届峰会致贺信
新华社北京4月10日电 4月9日,拉美和加勒比国家共同体第九届峰会在轮值主席国洪都拉斯举行,国家主席习近平向峰会致贺信。
习近平指出,当前世界百年变局加速演进,包括中国及拉美和加勒比国家在内的“全球南方”声势卓然壮大。拉共体坚持独立自主、联合自强,为维护地区和平稳定、促进发展合作、推进区域一体化发挥了重要作用。衷心祝愿拉美和加勒比国家和人民在发展振兴道路上取得更大成就,为增进“全球南方”团结协作作出更大贡献。
习近平强调,中拉关系历经国际风云变幻考验,已经进入平等、互利、创新、开放、惠民的新阶段。双方政治互信不断深化,务实合作持续拓展,人文交往日益密切,惠及中拉双方人民,树立起南南合作的典范。中方愿同地区国家一道,推动中拉命运共同体建设不断得到新发展。今年,中方将在北京举办中拉论坛第四届部长级会议,欢迎拉共体各成员国来华参会,共商发展大计、共襄合作盛举,共同为应对全球性挑战、推动全球治理变革、维护世界和平稳定贡献智慧和力量。(完)