International Organizations
ဇွန်လတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေးသည် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေးအတွက် စွမ်းအားသစ်များ ထည့်သွင်းပေးနိုင်ရန် တရုတ်နိုင်ငံမျှော်လင့်

ကုလသမဂ္ဂ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံတို့က ဇွန်လတွင် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေး နိုင်ငံတကာအစည်းအဝေး ကျင်းပမည်ကို တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ ယခုအကြိမ်အစည်းအဝေးသည် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ဆောင်ရန်အတွက် စွမ်းအားသစ်များ ထည့်သွင်းပေးပြီး လက်ရှိတင်းမာနေသောအခြေအနေ ပြေလျော့လာစေရေးအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင် ကျင်းပသည့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေး နိုင်ငံတကာအစည်းအဝေးဆိုင်ရာ အလွတ်သဘောဆွေးနွေးညှိနှိုင်းမှုတွင် ကိန်းစွမ်က “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” သည် ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စအား ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုထားခြင်း ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းသည် ပါလက်စတိုင်းပြည်သူများ၏ ဖယ်ရှား၍မရသော အမျိုးသားလုပ်ပိုင်ခွင့်ဖြစ်ပြီး ထိုကဲ့သို့လုပ်ဆောင်မှသာလျှင် ပါလက်စတိုင်းနှင့် အစ္စရေးနှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ကိန်းစွမ်က ဆိုခဲ့သည်။
ဂါဇာဒေသ ရေရှည်အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေးအား တွန်းအားပေးရမည်ဟု ကိန်းစွမ်က အလေးထားပြောကြားခဲ့သည်။ ပဋိပက္ခအဆုံးသတ်ရေးသည် ရေရှည်အစီအစဉ်အားလုံးနှင့် တည်တံ့သောငြိမ်းချမ်းရေးကို ဆွေးနွေးရန် ရှေ့ပြေးလိုအပ်ချက်ဖြစ်ကြောင်း၊ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခြင်းမရှိပါက “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဆွေးနွေးခြင်းသည် အပြောသက်သက်သာ ဖြစ်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးကို အားလုံးထက် ပိုအရေးကြီးသော ဦးစားပေးကိစ္စအဖြစ် မဖြစ်မနေ သဘောထားရမည်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား အာမခံပေးသည့်နိုင်ငံသည်လည်း လက်တွေ့လှုပ်ရှားမှုများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” နှင့် ဆန့်ကျင်နေသည့် မည်သည့် တစ်ဖက်သတ်လှုပ်ရှားမှုကိုမဆို အဆုံးသတ်ရမည်ဖြစ်ပြီး ပါလက်စတိုင်းအပေါ် ထောက်ခံအားပေးမှုများ မြှင့်တင်ရမည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ဂါဇာဒေသ သို့မဟုတ် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း ပိုင်နက်နယ်မြေအား လက်အောက်ခံပြုမည့် ကြိုးပမ်းမှုမှန်သမျှကို နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား ငြင်းဆိုသင့်ပြီး အနောက်ဖက်ကမ်း၏ တရားမဝင်အခြေချနေရာ၌ လှုပ်ရှားမှုများနှင့် ပါလက်စတိုင်းပြည်သူများအား ပစ်မှတ်ထားသည့် အတင်းအဓမ္မ ရွှေ့ပြောင်းမှုမှန်သမျှကို ကန့်ကွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။
လွတ်လပ်သောနိုင်ငံ တည်ထောင်ရာတွင် ပါလက်စတိုင်းဘက်အသီးသီးက စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ယမန်နှစ် ဇူလိုင်လက ပေကျင်းမြို့၌ ပါလက်စတိုင်းဘက်အသီးသီးကြား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအတွက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဇွန်လတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေးအတွက် ပြင်ဆင်မှုများတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ပြီး “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ရေးနှင့် ပါလက်စတိုင်းအရေးကိစ္စတွင် ဘက်စုံသော၊ တရားမျှတသော၊ ရေရှည်တည်တံ့သော ဖြေရှင်းမှု ဆောလျင်စွာရရှိရေးအတွက် ဆက်လက် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိန်းစွမ်က ထပ်မံအလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中方希望6月国际会议为落实“两国方案”注入新动能
新华社联合国4月9日电 中国常驻联合国代表团临时代办耿爽9日表示,中方赞赏法国、沙特将于6月举行落实“两国方案”国际会议,希望这次会议能为落实“两国方案”注入新动能,并有助于平息当下的紧张局势。
耿爽当天在落实“两国方案”国际会议非正式磋商中表示,“两国方案”是解决巴以问题的唯一可行出路,经由安理会决议明文确认,也是国际社会的广泛共识。独立建国是巴勒斯坦人民不可剥夺的民族权利,只有这样才能实现巴勒斯坦和以色列两国和平共处。
耿爽强调,要推动实现加沙持久停火。结束冲突是讨论一切长期安排和持久和平的前提。如果迟迟无法实现加沙停火,讨论“两国方案”就会沦为空谈。国际社会必须把加沙停火作为压倒一切的优先事项,停火协议的保障国也应采取切实行动。
耿爽表示,要终止任何有悖“两国方案”的单边行动,加大对巴勒斯坦的支持。国际社会应坚决拒绝任何吞并加沙或约旦河西岸领土的企图,反对西岸的非法定居点活动,反对任何针对巴勒斯坦人民的强制迁移。独立建国要求巴勒斯坦各派加强团结。去年7月在北京举行了巴勒斯坦各派别内部和解对话会,中方将继续为此作出努力。
耿爽重申,中方将建设性参与6月国际会议的筹备,继续为落实“两国方案”,推动巴勒斯坦问题早日得到全面、公正、持久解决作出积极努力。(完)