China
တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် ဧည့်ခံပွဲနှင့် ဘန်ဒေါင်းညီလာခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ပေကျင်း၌ ကျင်းပ

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်-အင်ဒိုနီးရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် ဧည့်ခံပွဲနှင့် ဘန်ဒေါင်းညီလာခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဧပြီ ၂၁ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း၊ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin တို့ အတူတကွ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ ဝမ်ရိက သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ဆက်ဆံရေးသည် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး ခေါင်းဆောင်များ၏ ဦးဆောင်မှုကို လိုက်နာခြင်း၊ မဟာဗျူဟာမြောက် လွတ်လပ်မှုကို ကိုင်စွဲထားခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို စွဲမြဲစွာဖော်ဆောင်ခြင်း၊ တရားမျှတမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုကို အခိုင်အမာ လက်ကိုင်ထားခြင်း ဟူသည့် အဖိုးတန်သော ဉာဏ်စဖွင့်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်ကို အတူတကွ ပြန့်ပွားအောင် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ နိုင်ငံကြီးနှင့် အိမ်နီးချင်းနိုင်ငံများ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ကူညီပေးမှုအတွက် ရှေ့ပြေးဦးဆောင်သူ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ခေတ်မီအသွင်ပြောင်းမှုကို ဦးဆောင်သော ရထားခေါင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်ကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းရေး တွန်းအားပေးသူအဖြစ် ဆက်လက်လုပ်ဆောင်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ လက်တွဲကာ ကိုယ့်အားကိုယ်ကိုးခြင်းဖြင့် အင်အားတောင့်တင်းအောင် ဆောင်ရွက်သည့် အကောင်းဆုံးသံစဉ်များကို တီးခတ်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
庆祝中国印尼建交75周年招待会暨万隆会议70周年纪念活动在京举行
新华社北京4月21日电(记者白鑫雨)庆祝中国印尼建交75周年招待会暨万隆会议70周年纪念活动21日在京举行。中共中央政治局委员、外交部长王毅和国防部长董军,印尼外长苏吉约诺、防长沙夫里共同出席。
王毅说,建交75年来,中国和印尼关系取得显著成就,留下宝贵启示:坚持元首引领,坚持战略自主,坚持互利共赢,坚持公平正义。中方愿同印尼共同弘扬和平共处五项原则和万隆精神,继续做大国和邻国互信互助的排头兵,发展中国家现代化的火车头,开放包容合作共赢的推动者,奏响全球南方联合自强的最强音。(完)
图说:4月21日,庆祝中国印尼建交75周年招待会暨万隆会议70周年纪念活动在北京举行。新华社记者 岳月伟 摄