Connect with us

China

တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” တွေ့ဆုံဆွေးနွေးမှု ယန္တရား ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့က ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပေကျင်း၌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin တို့နှင့်အတူ တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေးကို အတူတကွ ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့သည် ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပေကျင်း၌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin တို့နှင့်အတူ တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဝမ်ရိက လွန်ခဲ့သည့် တစ်နှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Prabowo Subianto တို့သည် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ခေတ်ကာလသစ် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို အတူတကွ ရေးဆွဲခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ ကိုယ်တိုင်ဂရုပြုမှုဖြင့် တရုတ်နှင့် အင်ဒိုနီးရှားသည် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” တွေ့ဆုံဆွေးနွေးမှု ယန္တရားကို ထူထောင်ကာ စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းသည် တရုတ်နိုင်ငံက တစ်ကမ္ဘာလုံး၌ ထူထောင်သည့် ပထမဆုံး ဝန်ကြီးအဆင့် “၂+၂” ယန္တရားဖြစ်ပြီး နှစ်နိုင်ငံ၏ မြင့်မားသော မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို အပြည့်အဝ ပေါ်လွင်စေသလို ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုအင်အားရှိသည့် တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း အနှစ်သာရကို တစ်ဆင့်တိုး ပြည့်ဝလာစေကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသောသဘောတူညီချက်ကို မဟာဗျုဟာဦးဆောင်လမ်းညွှန်မှုအဖြစ် ထားရှိကာ နှစ်နိုင်ငံဆက်ဆံရေးက အဆင့်မြင့်သော၊ မြင့်မားသော စမှတ်တွင် စာမျက်နှာသစ် ထပ်မံရေးသားနိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တုန်ကျွင်းက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ကာ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းသော၊ ယန္တရားတည်ဆောက်မှု ပိုမိုတွဲဖက်စုံလင်သော၊ တစ်စုတစ်စည်းတည်း စီမံခန့်ခွဲဖော်ဆောင်မှု ပိုမိုအားကောင်းသော၊ စိန်ခေါ်မှုများ ရင်ဆိုင်ရာတွင် ပိုမို အခြေခံရှိသော ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းအသစ်အား တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Sugiono က အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တိုး ခိုင်မြဲအောင်လုပ်ဆောင်ပြီး အလွှာအသီးသီး သွားလာဆက်ဆံမှုကို ရင်းနှီးစွာလုပ်ဆောင်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်၍ နိုင်ငံစုံမူဘောင်အောက်တွင် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Sjafrie Sjamsoeddin က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ရေးလုပ်ငန်း၊ ပင်လယ်ရေကြောင်းလုံခြုံရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်က အတူတကွဂရုပြုကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အစည်းအဝေးပြီးနောက် ဝမ်ရိနှင့် Sugiono တို့သည် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ အစိုးရတို့၏ ဘက်စုံ မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုယန္တရား ထူထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြသည်။ အစည်းအဝေးကျင်းပစဉ်အတွင်း နှစ်ဦးနှစ်ဖက်က ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့က ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပေကျင်း၌ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sugiono နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sjafrie Sjamsoeddin တို့နှင့်အတူ တရုတ်-အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား ပထမအကြိမ်အစည်းအဝေးကို အတူတကွ ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
中印尼举行外长防长“2+2”对话机制首次部长级会议
新华社北京4月21日电(记者冯歆然)中共中央政治局委员、外交部长王毅和国防部长董军21日与印尼外长苏吉约诺、防长沙夫里共同主持中印尼外长防长“2+2”对话机制首次会议。
王毅说,过去一年,习近平主席同普拉博沃总统两度会晤,共同擘画新时期中国印尼关系发展蓝图。在两国元首亲自关心下,中印尼建立并启动外长防长“2+2”对话机制。这是中国在全球建立的首个部长级“2+2”机制,充分彰显了两国高度战略互信,也进一步丰富了具有地区和全球影响力的中印尼命运共同体内涵。我们要以两国元首重要共识为战略引领,推动两国关系在高水平、高起点上再谱新篇。
董军表示,中方愿同印尼一道,落实两国元首共识,着力构建战略互信更深厚、机制建设更配套、统筹推进更有力、应对挑战更托底的防务安全合作新格局,携手应对风险挑战。
苏吉约诺表示,印尼愿同中方一道,进一步巩固政治互信,密切各层级交往,深化互利合作,加强多边框架下沟通协作。
沙夫里表示,印尼愿同中方增进防务、海上安全等领域合作,维护地区和平稳定。
双方就共同关心的国际和地区问题深入沟通。会后,王毅同苏吉约诺共同签署《中华人民共和国政府和印度尼西亚共和国政府关于建立全面战略对话机制的谅解备忘录》。会议期间,双方签署海上安全合作等领域合作文件。(完)
图说1、2:4月21日,中共中央政治局委员、外交部长王毅和国防部长董军在北京与印尼外长苏吉约诺、防长沙夫里共同主持中印尼外长防长“2+2”对话机制首次会议。新华社记者 岳月伟 摄