North America
ဟားဗက်တက္ကသိုလ်က ဖက်ဒရယ် ရန်ပုံငွေပံ့ပိုးမှု ရပ်ဆိုင်းခံရခြင်းအတွက် ထရမ့်အစိုးရအား တရားစွဲ

ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန် အစိုးရသည် ဖက်ဒရယ်ရန်ပုံငွေ ရပ်ဆိုင်းသည့်နည်းလမ်းဖြင့် ဟားဗက်တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ ဆုံးဖြတ်ချက်အား ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲလျက် အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ်သည် ဧပြီ ၂၁ ရက်တွင် ထရမ့်အစိုးရအား တရားစွဲဆိုခဲ့သည်။
ဟားဗက်တက္ကသိုလ်သည် မက်ဆာချူးဆက်ပြည်နယ် ဖက်ဒရယ်ဒေသတရားရုံးတွင် ထရမ့်အစိုးရအား တရားစွဲဆိုခဲ့ပြီး အစိုးရက ရန်ပုံငွေပံ့ပိုးမှု ရပ်ဆိုင်းခြင်းအား ရပ်တန့်ရန်တောင်းဆိုကြောင်း၊ အစိုးရ၏ အဆိုပါလုပ်ရပ်သည် တရားမဝင်သည့်အပြင် “အစိုးရရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေ” ကြောင်း ဟားဗက်တက္ကသိုလ် ပါမောက္ခချုပ် Alan M. Garber က ထိုနေ့တွင် ဟားဗက်အသိုက်အဝန်း အဖွဲ့ဝင်များအား ရေးသားပေးပို့သည့် စာတစ်စောင်၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် တစ်ပတ်အတွင်း ဟားဗက်တက္ကသိုလ်က ဖက်ဒရယ်အစိုးရ၏ “တရားမဝင်တောင်းဆိုချက်များ” အား လိုက်နာရန် ငြင်းဆန်မှုအပေါ် တုံ့ပြန်ချက်အနေဖြင့် ဖက်ဒရယ်အစိုးရက လှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အစောပိုင်း၌ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ရပ်ဆိုင်းကြောင်း ကြေညာမှုအပြင် ခွင့်ပြုရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကိုလည်း ထပ်မံရပ်ဆိုင်းရန် စဉ်းစားလျက်ရှိကြောင်း Alan M. Garber က ဆိုသည်။
ထို့ပြင် ဟားဗက်တက္ကသိုလ် လည်ပတ်မှုကို ပစ်မှတ်ထားသည့် စုံစမ်းစစ်ဆေးမှုများစွာ လုပ်ဆောင်ခြင်း၊ နိုင်ငံတကာကျောင်းသားများ၏ ပညာသင်ကြားမှုအား ခြိမ်းခြောက်ခြင်း၊ ဟားဗက်တက္ကသိုလ်အပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုမှုအား ပယ်ဖျက်ရန် စဉ်းစားထားသည်ဟု ကြေညာခြင်း စသည်တို့လည်း ပါဝင်ကြောင်း၊ ထိုလုပ်ရပ်များသည် ကျောင်းသား၊ ကျောင်းသူ၊ ပညာရေးဝန်ထမ်း၊ သုတေသီနှင့် အမေရိကန် အဆင့်မြင့်ပညာရေး၏ တစ်ကမ္ဘာလုံးရှိအဆင့်အပေါ် “အလွန်ဆိုးရွားသည့် လက်တွေ့သက်ရောက်မှုများ ဖြစ်စေ” ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ တရားစွဲဆိုမှုသည် အမေရိကန် အဆင့်မြင့်ပညာရေးလောကနှင့် သမ္မတ ထရမ့်အကြား အဆက်မပြတ် ပဋိပက္ခဖြစ်မှု၏ “ကြီးမားသော အရှိန်မြင့်တက်မှု” ကို ဖော်ပြနေသည်ဟု အမေရိကန်မီဒီယာများက ယူဆကြသည်။
ထရမ့်အစိုးရအရာရှိက ဧပြီ ၁၁ ရက်တွင် ဟားဗက်တက္ကသိုလ်အား စာပေးပို့ခဲ့ပြီး တက္ကသိုလ်ဘက်က “အဓိပ္ပာယ်ရှိသော စီမံခန့်ခွဲရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်ဖွဲ့စည်းမှုများ” လုပ်ဆောင်ရန် ၊ သို့မဟုတ်ပါက ဖက်ဒရယ်ရန်ပုံငွေကို ဖြတ်တောက်လျှော့ချသွားမည်ဟု တောင်းဆိုခဲ့သည်။ ဟားဗက်တက္ကသိုလ်ဘက်က ဧပြီ ၁၄ ရက်တွင် ထရမ့်အစိုးရ၏ အဆိုပါတောင်းဆိုချက်အား ငြင်းဆိုခဲ့သည်။
ထရမ့်အစိုးရက ထိုနေ့နှောင်းပိုင်းတွင် ဟားဗက်တက္ကသိုလ်အတွက် နှစ်ရှည်ရန်ပုံငွေပံ့ပိုးမှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံနှင့် နှစ်ရှည်စာချုပ် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ အား ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံ အမိမြေနှင့် လုံခြုံရေးဝန်ကြီး Kristi Noem က ဧပြီ ၁၆ ရက်တွင် ဟားဗက်တက္ကသိုလ်က ထရမ့်အစိုးရတောင်းဆိုချက်နှင့်အညီ အဆိုပါတက္ကသိုလ်ရှိ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူ ဗီဇာ ကိုင်ဆောင်သူများ၏ “တရားမဝင်၍ အကြမ်းဖက် လှုပ်ရှားမှု” အချက်အလက်များကို မျှဝေပေးရန်၊ သို့မဟုတ်ပါက နိုင်ငံခြားသား ပညာတော်သင်များနှင့် ပညာရှင်ဖလှယ်မှု လက်ခံဆောင်ရွက်နိုင်သည့် စီမံကိန်းလုပ်ဆောင်ခွင့် ဆုံးရှုံးသွားမည်ဟု ဆိုခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှစ၍ ထရမ့်အစိုးရသည် အမေရိကန် တက္ကသိုလ်ကျောင်းပေါင်းများစွာအပေါ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ပြီး တက္ကသိုလ်ဘက်က မူဝါဒများပြင်ဆင်ခြင်းမရှိပါက ရန်ပုံငွေဖြတ်တောက် လျှော့ချခံရသည့်နောက်ဆက်တွဲရလဒ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုထားသည်။ ထရမ့်အစိုးရ၏ အဓိကတောင်းဆိုချက်များတွင် ဂျူးမုန်းတီးရေးဝါဒ ဟူသည်အား ဖယ်ရှားရန်၊ တက္ကသိုလ်က လူနည်းစုလူမျိုးစုများအပေါ် ဦးစားပေးသည့် ဗဟုအသွင်ဖော်ဆောင်ရေး အစီအမံအားဖယ်ရှားရန်တို့ ပါဝင်သည်။
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နောက်ခံအခြေအနေအောက်တွင် အမေရိကန် ဒေသအများအပြားမှ တက္ကသိုလ်များက ယမန်နှစ်တွင် ပါလက်စတိုင်းအား ထောက်ခံသည့် ဆန္ဒပြလှုပ်ရှားမှုများစွာ ဖြစ်ပွားခဲ့ရာ ထရမ့်အစိုးရက ကျောင်းဝန်းအတွင်း ဂျူးမုန်းတီးရေးခံစားချက်အပေါ် ဂရုပြုမှုများ ဖြစ်ပွားလာစေခဲ့ကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ်မြို့တွင် ဟားဗက်တက္ကသိုလ် စာကြည့်တိုက်အား ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ်မြို့ ဟားဗက်တက္ကသိုလ်အတွင်းရှိ ဟားဗက်တက္ကသိုလ် တည်ထောင်သူ ဂျွန်ဟားဗက် ရုပ်တုအား ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ်မြို့ ဟားဗက်တက္ကသိုလ်ကျောင်းဝန်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————————————————————————–
(Chinese Version)
哈佛大学就联邦经费遭冻结起诉特朗普政府
新华社华盛顿4月21日电(记者熊茂伶)美国哈佛大学21日对特朗普政府提起诉讼,指控政府试图以冻结联邦资金为手段控制哈佛大学的学术决策。
哈佛大学校长艾伦·M·加伯当天在致哈佛社区成员的一封信中说,该校已在马萨诸塞州联邦地区法院对特朗普政府发起诉讼,要求政府停止资金冻结。政府此举是非法的,“超出了政府的权限”。
加伯表示,在过去一周内,作为对哈佛大学拒绝遵守其“非法要求”的回应,联邦政府采取了一系列行动,除最初宣布冻结22亿美元资金外,还考虑再冻结10亿美元拨款,发起针对哈佛大学运营的多项调查、威胁国际学生的教育、宣布考虑撤销哈佛大学的免税资格等。这些做法对学生、教职工、研究人员以及美国高等教育在全球的地位“产生了严峻的现实影响”。
美国媒体认为,这起诉讼标志着美国高等教育界与总统特朗普之间持续斗争的“重大升级”。
特朗普政府官员11日致信哈佛大学,要求学校进行“有意义的治理改革与重组”,否则联邦资金将遭到削减。14日,哈佛大学拒绝了特朗普政府这一要求。特朗普政府于当天晚些时候宣布,将冻结对该校总额22亿美元的多年期拨款,以及6000万美元的多年期合同款项。16日,美国国土安全部长克丽丝蒂·诺姆要求哈佛大学按照特朗普政府要求分享该校外国学生签证持有者的“非法和暴力活动”信息,否则将失去招收外国留学生和交流学者项目资质。
自今年1月以来,特朗普政府对多所美国高校发出威胁,声称如果校方不调整政策,将面临削减资金的后果。特朗普政府的主要要求包括根除所谓的反犹主义、废除高校向少数族裔倾斜的多元化举措。在巴以冲突背景下,美国多地高校去年爆发了一系列支持巴勒斯坦的抗议活动,引发特朗普政府对校园反犹情绪的关注。(完)
图说1、2:这张2024年4月20日在美国马萨诸塞州剑桥拍摄的资料照片显示的是哈佛大学的图书馆。 新华社记者 刘杰 摄
图说3:这张2024年4月20日在美国马萨诸塞州剑桥拍摄的资料照片显示的是哈佛大学内的哈佛大学创始人约翰·哈佛的雕塑。 新华社记者 刘杰 摄
图说4:这张2020年7月14日在美国马萨诸塞州剑桥拍摄的资料照片显示的是哈佛大学校园。 新华社发