China
ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံတွင် ကျယ်ပြောသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများရှိ

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
လက်ရှိတွင် အချို့သော ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများက အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ရေရှည်အရကြည့်ပါက ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ကျယ်ပြောသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ပိုင်ဆိုင်ထားပြီး အနာဂတ်အလားအလာ အလွန်ကောင်းမွန်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာစီးပွားရေး ကူးလူးဖလှယ်ရေးစင်တာ (CCIEE) ဝါရင့်ပညာရှင်ကော်မတီဝင် ကျူးမင်က ဆင်ဟွာသတင်းဌာန၏ ဧပြီ ၂၄ ရက်တွင် စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။
လက်ရှိတွင် ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများက ဆိုလာစွမ်းအင်၊ လေအားလျှပ်စစ်၊ စွမ်းအင်သစ်ကား စသည့် အစိမ်းရောင်လုပ်ငန်းများတွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု ရရှိထားပြီးဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး (carbon peak)၊ ကာဗွန်ထုတ်လုပ်မှု မျှခြေအဆင့် ရောက်ရှိရေး (carbon neutrality) ရည်မှန်းချက်အား အရှိန်မြှင့်ဖော်ဆောင်ခြင်းသည် ပိုမိုများပြားသော အစိမ်းရောင်လုပ်ငန်းအခြေအနေများ သယ်ဆောင်လာပေးမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ကြီးမားသဖြင့် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများအနေဖြင့် အခွင့်အလမ်းအသစ်များအား အမိအရ ဖမ်းဆုပ်ထားရမည်ဖြစ်ကြောင်းလည်း ကျူးမင်က ပြောကြားခဲ့သည်။ (Xinhua)
————————-
(Chinese Version)
中国经济圆桌会|朱民:民营企业在中国拥有广阔发展机遇
新华社北京4月24日电(记者韩洁、韩佳诺)中国国际经济交流中心资深专家委员朱民在新华社24日推出的“中国经济圆桌会”大型全媒体访谈节目中表示,尽管当前一些民营企业遇到困难、挑战,但长远看民营企业在中国拥有广阔发展机遇,前景无限看好。
朱民说,当前,民营企业已经在太阳能、风电、新能源汽车等绿色产业实现快速发展。加快落实碳达峰碳中和目标将带来更多绿色产业场景,发展空间巨大,民营企业一定要把握住新机遇。(完)
图说:April 24, 2025 (Xinhua) — Guest speakers exchange views at the recording site of the 15th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Li He)