China
တရုတ်-အမေရိကန်သည် စည်းကြပ်ခွန်နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း သို့မဟုတ် ညှိနှိုင်းခြင်း မရှိခဲ့သလိုသဘောတူညီချက် ရရှိသည်ဟု ပို၍ပင်မရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန်သည် စည်းကြပ်ခွန်နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း သို့မဟုတ် ညှိနှိုင်းခြင်း မရှိခဲ့သလို သဘောတူညီချက် ရရှိသည်မှာ ပို၍ပင်မရှိဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြားတွင် ဆွေးနွေးနေပြီးသဘောတူညီချက်ရရှိတော့မည်ဟု လတ်တလော ကာလအတွင်း အမေရိကန်ဘက်က သတင်းများ အဆက်မပြတ် ပေါ်ထွက်လာကြောင်း၊ နှစ်ဦးနှစ်ဖက်က စတင်ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခြင်းရှိ၊ မရှိကို အတည်ပြုပေးနိုင်မည်လောဟု သတင်းထောက်က သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကောကျားခွန်းက ယင်းသည် သတင်းအတုများသာ ဖြစ်ကြောင်း၊ “ကျွန်တော် သိရသလောက်ဆို တရုတ်-အမေရိကန် နှစ်ဖက်က စည်းကြပ်ခွန်ပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ဒါမှမဟုတ် ညှိနှိုင်းမှု လုပ်ဆောင်တာ မရှိပါဘူး၊ သဘောတူညီချက် ရရှိတယ်ဆိုတာ ပိုလို့တောင်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
အဆိုပါစည်းကြပ်ခွန်စစ်ပွဲကို အမေရိကန်ဘက်က စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ သဘောထားသည် တစ်သမတ်တည်းဖြစ်ကာ ရှင်းလင်းပြတ်သားကြောင်း၊ စစ်ပွဲဆင်နွှဲလိုပါက အဆုံးတိုင် ဆင်နွှဲသွားမည်ဖြစ်သလိုဆွေးနွေးလိုပါကလည်း တံခါးဖွင့်ထားကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းရာတွင် တန်းတူညီမျှဖြစ်၍ လေးစားမှုရှိကာ အပြန်အလှန် အကျိုးဖြစ်ထွန်းရမည်ဖြစ်ကြောင်း ကောကျားခွန်းက ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)
———————
(Chinese Version)
外交部:中美没有就关税问题磋商或谈判,更谈不上达成协议
新华社北京4月24日电(记者曹嘉玥)外交部发言人郭嘉昆24日在例行记者会上答问时表示,中美没有就关税问题磋商或谈判,更谈不上达成协议。
有记者问:近来美方不断有消息称,中美之间正在谈判,甚至将会达成协议。你能否证实双方有没有开始谈判?
郭嘉昆说,这些都是假消息。“据我了解,中美双方并没有就关税问题进行磋商或谈判,更谈不上达成协议。”
郭嘉昆指出,这场关税战是由美方发起的,中方的态度是一贯的也是明确的:打,奉陪到底;谈,大门敞开。对话谈判必须是平等、尊重、互惠的。(完)