China
ဝမ်ရိနှင့် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၄ ရက်တွင် ပေကျင်းမြို့၌ ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ဆွစ်ဇာလန်သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား ခိုင်မာစွာ ထောက်ခံအားပေးသူအနေဖြင့် ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုအား ဆန့်ကျင်ခြင်း (Deglobalization) စိန်ခေါ်မှုအား အတူတကွရင်ဆိုင်ကာ နိုင်ငံအသီးသီး၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား အတူတကွကာကွယ်ပြီး နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းစနစ်နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းကို အတူတကွ ထိန်းသိမ်းကာကွယ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပိုမိုများပြားသည့် ဆွစ်ဇာလန်လုပ်ငန်းကုမ္ပဏီများ တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဖော်ဆောင်ရန် ကြိုဆိုကြောင်း၊ ဆွစ်ဇာလန်ဘက်က တရုတ်လုပ်ငန်းကုမ္ပဏီများအတွက် တံခါးဖွင့်လှစ်သော၊ တရားမျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Ignazio Cassis က ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသော သဘောထားကို အရင်းခံ၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်ဖက် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်မှုအတွက် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့် လုပ်ဆောင်သွားလိုကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက အတူလက်တွဲ၍ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား ကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် ယူကရိန်းအရေးကိစ္စ၊ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ စသည်တို့နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Ignazio Cassis တို့ ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————
(Chinese Version)
王毅会见瑞士联邦委员兼外长卡西斯
新华社北京4月24日电 中共中央政治局委员、外交部长王毅24日在京会见瑞士联邦委员兼外长卡西斯。
王毅表示,中瑞作为多边主义和自由贸易的坚定支持者,应当共同应对逆全球化挑战,共同捍卫各国正当权益,共同维护国际经贸秩序和国际关系基本准则。中方欢迎更多瑞士企业来华投资兴业,期待瑞方继续为中资企业提供开放、公平、非歧视营商环境。
卡西斯表示,瑞方愿秉持理性务实态度加强对华合作,加快双边自贸协定升级谈判。国际社会应携手捍卫多边主义和自由贸易。
双方还就乌克兰问题、中东局势等深入交换意见。(完)
图说:4月24日,中共中央政治局委员、外交部长王毅在北京会见瑞士联邦委员兼外长卡西斯。 新华社记者 刘彬 摄