China
“ပိုတာလာနန်းတော် – ကုန်းပြင်မြင့်မှလာသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်” အထူးပြပွဲကို ဆန်းရှင်းသွေးပြတိုက်၌ စတင်ဖွင့်လှစ်ကျင်းပ

ကိုင်ရို၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
“ပိုတာလာနန်းတော် – ကုန်းပြင်မြင့်မှလာသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်” အထူးပြပွဲကို ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်ဟန့်မြို့ရှိ ဆန်းရှင်းသွေးပြတိုက်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲကို “အဆောက်အအုံ” ၊ “အဖိုးတန်ရတနာ” ၊ “ကာကွယ်ထိန်းသိမ်း အသုံးပြုမှု” ဟူ၍ ခေါင်းစဉ်ကြီးသုံးခု ခွဲထားသည်။ ထို့ပြင် ဒစ်ဂျစ်တယ် နံရံဆေးရေးပန်းချီ အထူးပြခန်းကိုလည်း ခင်းကျင်းပြသထားရာ ရှုထောင့်မျိုးစုံမှ ပိုတာလာနန်းတော်၏ နက်နဲလှသော သမိုင်းနှင့် အနုပညာတန်ဖိုးကို နက်ရှိုင်းစွာ တင်ဆက်ပြသထားသည်။ အဆိုပါပြပွဲတွင် အဖိုးတန်ယဉ်ကျေးမှုပစ္စည်း အစုံ ၁၁၀ မှ စုစုပေါင်း ၁၈၆ ခုကို ခင်းကျင်းပြသထားပြီး ပြသသောပစ္စည်းပေါင်း သုံးပုံတစ်ပုံကျော်သည် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူများအား ခင်းကျင်းပြသခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

“ပိုတာလာနန်းတော် – ကုန်းပြင်မြင့်မှလာသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်” အထူးပြပွဲတွင် ပြပွဲကြည့်သူများက ပြခန်းတွင် ပြသသည့်ပစ္စည်းများအား ဓာတ်ပုံရိုက်နေသည်ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပိုတာလာနန်းတော် – ကုန်းပြင်မြင့်မှလာသော ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်” အထူးပြပွဲတွင် ပရိသတ်များက လေ့လာကြည့်ရှုနေသည်ကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————-
(Chinese Version)
“布达拉宫——来自高原的世界文化遗产”特展在三星堆博物馆开幕
新华社照片,成都,2025年4月28日
4月27日,“布达拉宫——来自高原的世界文化遗产”特展在位于四川广汉的三星堆博物馆开幕。本次特展分“建筑”“珍宝”“保护利用”三大主题篇章,设有数字壁画专厅,从多维度深入诠释布达拉宫厚重历史与艺术价值。展览展出了110套共186件珍贵文物,超过三分之一的展品是首次面向公众亮相。
图说1、2:4月27日,观众在“布达拉宫——来自高原的世界文化遗产”特展上拍摄展品。 新华社记者 薛晨 摄
图说3:4月27日,观众在“布达拉宫——来自高原的世界文化遗产”特展上观看展品。新华社记者 薛晨 摄