Connect with us

China

ဘိုးရင်းကုမ္ပဏီက လွှဲပြောင်းပေးအပ်မည့် လေယာဉ်အား ပြန်လည်ပျံသန်းသွားသည့်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် စည်းကြပ်ခွန်တုတ်ဖြင့် ရမ်းကားခြင်းသည် တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ပြင်းထန်စွာ ထိုးနှက်မှုဖြစ်စေကာ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး ဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ လုပ်ငန်းကုမ္ပဏီများစွာကလည်း ပုံမှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ လေကြောင်းလိုင်းကုမ္ပဏီနှင့် အမေရိကန် ဘိုးရင်းကုမ္ပဏီတို့လည်း ထိုအတွက်ကြောင့် များစွာထိခိုက်ရကြောင်း ဘိုးရင်း (Boeing) ကုမ္ပဏီသည် လွှဲပြောင်းပေးအပ်မည့် လေယာဉ်အား ပြန်လည်ပျံသန်းသွားသည်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီက ဘိုးရင်းကုမ္ပဏီသည် တရုတ်နိုင်ငံ လေကြောင်းလိုင်းကုမ္ပဏီအား လွှဲပြောင်းပေးအပ်မည့် Boeing 737 Max လေယာဉ် ၃ စင်းအား ပြန်လည် ပျံသန်းသွားပြီး တရုတ်ဘက်က ဘိုးရင်းခရီးသည်တင်လေယာဉ်များအား လက်ခံမှုကို ရပ်တန့်လိုက်သည်ဟု မီဒီယာများတွင် သတင်းဖော်ပြထားကြောင်း၊ ယင်းအပေါ် တရုတ်ဘက်က မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟု သတင်းထောက်က မေးမြန်းရာတွင် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အရပ်ဘက် လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကာလကြာရှည်စွာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုကို အင်တိုက်အားတိုက် တွန်းအားပေး ဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများ ပုံမှန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း၊ အမေရိကန်ဘက်က လုပ်ငန်းကုမ္ပဏီများ၏ တောင်းဆိုသံကို နားဆင်၍ လုပ်ငန်းကုမ္ပဏီများ ပုံမှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ရန်အတွက် တည်ငြိမ်ပြီး မျှော်မှန်းနိုင်သော ပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)——————–
(Chinese Version)
商务部回应波音公司飞回拟交付飞机
新华社北京4月29日电 针对波音公司飞回拟交付飞机,商务部新闻发言人29日表示,美方挥舞关税大棒严重冲击全球产业链供应链稳定,扰乱国际航空运输市场,很多企业无法开展正常贸易投资活动,中国的相关航空公司、美国波音公司都深受其害。
有记者问,据媒体报道,近日波音公司飞回3架拟交付中国航空公司的波音737Max飞机,称中方已停止接收波音客机,请问中方有何评论?商务部新闻发言人作出上述回应。
发言人说,中美两国在民航领域保持了长期互利合作,有力推动了两国贸易和人员往来。中方愿继续支持两国企业开展正常的商业合作,希望美方能倾听企业的呼声,为企业正常贸易投资活动创造稳定可预期的环境。(完)