China
ခေတ်ကာလက နောက်ပြန်ဆုတ်၍ မရသလို တရားမျှတမှုက လူ၏စိတ်နှလုံးတွင် ရှိသည်ဟု ဝမ်ရိ ပြောကြား

ရီယိုဒီဂျနေရိုး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် BRICS တရားဝင် အဖွဲ့ဝင်နှင့် မိတ်ဖက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒေသစံတော်ချိန် ဧပြီ ၂၉ ရက်တွင် တက်ရောက်ခဲ့ရာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ မြှင့်တင်ရေးဟူသော အစည်းအဝေးခေါင်းစဉ်အား ဆွေးနွေးခဲ့သည်။
ဝမ်ရိက ကမ္ဘာ့ရေးရာကိစ္စရပ်များအား ဖြေရှင်းသည့် ထွက်ပေါက်မှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အကောင်အထည်ဖော်မှုပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်။ အဖွဲ့ဝင်တိုးချဲ့ပြီးနောက် “BRICS အဖွဲ့ကြီး” သည် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှုကို ဆက်လက် အဆိုပြုသင့်ပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ကာကွယ်ထိန်းသိမ်းပြီး နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ကာကွယ်ကာ ပို၍ တရားမျှတ၊ ဓမ္မဓိဋ္ဌာန်ကျသော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် အမေရိကန်၏ စည်းကြပ်ခွန်တုတ် ရမ်းကားမှုကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးအနေဖြင့် ရွေးချယ်သင့်သည်မှာ ကမ္ဘာကို ကြီးနိုင်ငယ်ညှဉ်း သဘာဝစည်းမျဉ်းဖြင့် သစ်တောထဲသို့ ပြန်သွားစေမည်လော၊ တစ်နိုင်ငံ၏ တစ်ကိုယ်ကောင်းအကျိုးစီးပွားက နိုင်ငံအသီးသီး အများအကျိုးစီးပွားအပေါ် တင်စီးခြင်းကို လက်ခံနိုင်သလော၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုရုံသာမက ပစ်ပယ်ခြင်းကို လက်လွတ်စပယ်ထားမည်လော၊ လိုက်လျော အလျှော့ပေးခြင်းက တစ်ကိုယ်တည်းကောင်းအောင် နေနိုင်မည်လော၊ အဆုံးအစွန်ဆိုရလျှင် မိမိတို့သည် ငါသာလျှင်အဓိကဟူသော တစ်ဖက်သတ် ဗိုလ်ကျပိုင်ခွင့်ကို လက်ခံမည်လော သို့မဟုတ် တရားမျှတ၍ စနစ်ကျသော ဗဟုဝင်ရိုးကမ္ဘာကို ကြိုဆိုမည်လော ဟူ၍ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ခေတ်ကာလသည် နောက်ပြန်ဆုတ်၍ မရသလို တရားမျှတမှုသည် လူ၏ စိတ်နှလုံးတွင် ရှိကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏အဖြေမှာ ရှင်းလင်းခိုင်မာကြောင်း၊ အကယ်၍ မဖြစ်မနေ တိုက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆုံးထိ တိုက်ပွဲဝင်သွားမည် ဖြစ်သလို အကယ်၍ ဆွေးနွေးရန် ပြင်ဆင်ထားသည်ဆိုလျှင် တန်းတူညီမျှ လေးစားရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အလေးထားသည်မှာ မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားသာမက နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ကာကွယ်ထိန်းသိမ်းသည်မှာ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုသာမက နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ကာကွယ်ထိန်းသိမ်းခြင်း ပို၍ပင် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အခိုင်အမာစောင့်ထိန်းသည်မှာ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာသာမက လူ့လောက၏ နိုင်ငံရေးရှင်းလင်းမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
王毅:时代不容倒退,公道自在人心
新华社里约热内卢4月29日电(记者周永穗 王天聪)当地时间4月29日,中共中央政治局委员、外交部长王毅出席金砖正式成员和伙伴国外长会,讨论加强多边主义这一会议主题。
王毅说,解决世界上问题的出路在于维护和践行多边主义。扩员后的“大金砖”应当继续倡导共商共建共享,维护国际关系基本准则,捍卫多边贸易体制,构建更加公正合理的全球治理体系。
王毅表示,面对美国在全球范围挥舞关税大棒,各国都应作出选择:我们是否允许世界重回弱肉强食的丛林?是否认可一国私利可以凌驾于各国公益?是否放任国际规则被无视甚至抛弃?是否只要妥协退让就能独善其身?而终极之问则是,我们是要接受一个唯我独尊的单极霸权,还是迎接一个平等有序的多极世界?
王毅强调,时代不容倒退,公道自在人心。对于贸易战,中国的回答清晰而坚定:如果执意要打,我们奉陪到底;如果准备要谈,就要平等尊重。中方着眼的,不仅是自身正当权利,也是各国的共同利益;中方维护的,不仅是互惠合作,更是国际规则;中方坚守的,不仅是国家民族尊严,还有人世间的朗朗乾坤。(完)