Connect with us

မြန်မာ-中文

မသေချာမှုများ တိုးပွားလာသည့် နောက်ခံအခြေအနေတွင် ဘရာဇီး-တရုတ် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းသည် အရေးပါသည့်အနက်အဓိပ္ပာယ်ရှိဟု Apex-Brazil ဥက္ကဋ္ဌ Jorge Viana ဆို

ဘရာဇီးနိုင်ငံ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အေဂျင်စီ (Apex-Brazil) ဥက္ကဋ္ဌ Jorge Viana က ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယား၌ ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုကို မေ ၆ ရက်က ဖြေကြားစဉ် (ဆင်ဟွာ)

ဘရာဇီးလီယား၊ မေ ၁၂ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာကုန်သွယ်ရေး အခင်းအကျင်း မသေချာမှုများ တိုးပွားလာသည့် နောက်ခံအခြေအနေအောက်တွင် ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးအင်အားများ ဖြစ်သည့်အလျောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ လုပ်ဆောင်ခြင်းသည် အရေးပါသည့်အနက်အဓိပ္ပာယ်ရှိသည်ဟု ဘရာဇီးနိုင်ငံ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အေဂျင်စီ (Apex-Brazil) ဥက္ကဋ္ဌ Jorge Viana က လတ်တလောရက်ပိုင်းတွင် ဆင်ဟွာသတင်းထောက် သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ဘရာဇီးနှင့် တရုတ်သည် အပြန်အလှန်အားဖြင့် အရေးကြီးစီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြား ပိုမိုနီးကပ်လာကြောင်း Jorge Viana က ပြောကြားခဲ့သည်။ နှစ်နိုင်ငံလုံးသည် ကြီးမားသောလူဦးရေပမာဏနှင့် အားကောင်းသော ပြည်တွင်းစားသုံးမှုအင်အား ပိုင်ဆိုင်ထားပြီး ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မြဲသောအခြေခံအုတ်မြစ် ချမှတ်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာဆက်တိုက် ဘရာဇီးနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် ဘရာဇီး-တရုတ် ကုန်သွယ်ရေးသည် အရှိန်အဟုန်မြင့် တိုးတက်မှုကို ထိန်းသိမ်းထားရုံသာမက အမျိုးအစားစုံလင်စွာ ဖွံ့ဖြိုးတိုးတက်လာသော အလားအလာကိုလည်း ဖော်ပြနေကြောင်း Jorge Viana က ထောက်ပြပြောဆိုခဲ့သည်။

ဘရာဇီးနိုင်ငံက တရုတ်နိုင်ငံသို့ ကြက်သားဘဲသား၊ အမဲသား၊ ကော်ဖီ စသည့် စိုက်ပျိုးထုတ်ကုန်များ တင်ပို့မှု ပမာဏသည် သိသိသာသာ တိုးတက်လာကြောင်း၊ လက်ရှိတွင် ဘရာဇီးနိုင်ငံက တရုတ်နိုင်ငံသို့ ထုတ်ကုန်ပစ္စည်းများ တင်ပို့ရန် တက်တက်ကြွကြွ တွန်းအားပေး၍ နှစ်ဖက်ကုန်သွယ်ရေး အရည်အသွေးနှင့် အဆင့်အတန်းအား အဆက်မပြတ်မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် ဘရာဇီးမြို့ပြ လမ်းမထက်၌ ပိုမိုများပြားသော တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကား၊ စွမ်းအင်သစ်ကားများကို တွေ့မြင်လာရကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများက တာဝန်ယူတည်ဆောက် လည်ပတ်သည့် စွမ်းအင်သစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကလည်း ဘရာဇီးနိုင်ငံ စွမ်းအင်ဖွဲ့စည်းပုံ အသွင်ကူးပြောင်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။

ဘရာဇီး-တရုတ်နှစ်နိုင်ငံက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကြီးမားကြောင်း Jorge Viana က‌ အလေးထား ပြောကြားခဲ့သည်။

ဘရာဇီးက ဆိုလာစွမ်းအင်၊ ရေအားနှင့် လေအားစွမ်းအင် စသည့်ကဏ္ဍများတွင် အရင်းအမြစ် ပြည့်ဝစုံလင်ကြောင်း၊ တရုတ်ကမူ အစိမ်းရောင်စွမ်းအင်နည်းပညာကဏ္ဍ၌ သိသာသော အားသာချက်ရှိကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ဘရာဇီးနိုင်ငံက တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်း အသွင်ကူးပြောင်းမှု အခွင့်အလမ်းအား အမိအရဖမ်းဆုပ်ရန် အထောက်အကူပြုသည်သာမက တစ်ကမ္ဘာလုံး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အတူတကွ အားဖြည့်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာကုန်သွယ်ရေးအခင်းအကျင်းတွင် မသေချာမှုများ တိုးပွားလာကြောင်း၊ ဘရာဇီး-တရုတ် နှစ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးအင်အားအနေဖြင့် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းတွင် အရေးပါအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် လုပ်ဆောင်ခြင်းသည် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း Jorge Viana က‌ ထောက်ပြ ပြောကြားခဲ့သည်။

Jorge Viana က ၂၀၀၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံ မြောက်ပိုင်း Acre ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း တရုတ်နိုင်ငံသည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ခံစားမှုအပြည့်ဖြင့် ပြောကြားခဲ့ပြီး လက်ရှိတွင် ဘရာဇီးနိုင်ငံ လုပ်ငန်းနယ်ပယ်အသီးသီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်အတွက် များစွာတက်ကြွလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
专访|不确定性加剧背景下巴中深化合作具有重要意义——访巴西出口投资促进局主席维亚纳
新华社巴西利亚5月11日电
新华社记者陈昊佺
巴西出口投资促进局主席若热·维亚纳近日接受新华社记者专访时表示,在当前国际贸易格局不确定性加剧背景下,巴西和中国同为全球南方的重要力量,两国深化合作具有重要意义。
维亚纳说,巴西和中国互为重要经济伙伴,双方在贸易和投资等领域合作日益紧密。两国均拥有庞大的人口规模和强劲的国内消费能力,为经贸合作奠定了坚实基础。
中国已连续多年成为巴西第一大贸易伙伴。维亚纳指出,近年来巴中贸易不仅保持高速增长,还呈现出多元化发展趋势。巴西对华出口的禽肉、牛肉、咖啡等农产品数量显著增长。当前巴西正积极推动制造品对华出口,不断提升双边贸易质量和水平。
近年来,越来越多中国制造的电动公交车、新能源汽车出现在巴西城市街头,而中国企业承建运营的新能源发电项目也在助力巴西能源结构转型和可持续发展。
维亚纳强调,巴中两国在推动可持续发展方面合作潜力巨大。巴西在太阳能、水力和风能等方面资源丰富,中国则在绿色能源技术领域具有显著优势。双方在可持续发展领域的合作,不仅有助于巴西抓住全球产业转型机遇,也将共同助力全球绿色发展。
他指出,当前国际贸易格局不确定性加剧,巴中两国作为全球南方的关键力量,在全球经济格局中占有重要地位,双方深化合作具有重要意义。
维亚纳曾在2001年担任巴西北部阿克里州州长期间访问过中国。他感慨道,20多年来,中国发生了巨大变化。他表示,如今巴西各行业对拓展对华合作热情高涨。(完)
图说:5月6日,巴西出口投资促进局主席若热·维亚纳在首都巴西利亚接受新华社记者专访。新华社发(保罗·洛佩斯摄)