မြန်မာ-中文
“ခန်းမနီဖိုရမ် – တရုတ်-ဂရိ ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ် ဆွေးနွေးပွဲ” ကို အေသင်မြို့၌ ကျင်းပ

အေသင်၊ မေ ၁၄ ရက် (ဆင်ဟွာ)
“ခန်းမနီဖိုရမ် – တရုတ်-ဂရိ ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ် ဆွေးနွေးပွဲ” ကို မေ ၁၂ ရက်တွင် ဂရိနိုင်ငံ အေသင်မြို့ Zappeion ၌ ကျင်းပခဲ့ရာ တရုတ်-ဂရိ နှစ်နိုင်ငံအစိုးရ၊ ဘဏ္ဍာရေး၊ စက်မှုစီးပွားနှင့် မီဒီယာလောကမှ ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်ခဲ့ပြီး တစ်ကမ္ဘာလုံး ပြောင်းလဲမှု အခြေအနေအောက်တွင် နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအကြောင်း နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ ဂရိနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန်းချိုတက်ရောက်၍ “အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်မှုသည် တရုတ်-ဂရိပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ သယ်ဆောင်လာပေး” ဟူသော ခေါင်းစဉ်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဂရိနိုင်ငံသည် ဥရောပသမဂ္ဂ၏ အရေးပါအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အနောက်တိုင်းယဉ်ကျေးမှု၏ အရေးပါသည့်အရင်းခံရာဒေသများအနက် တစ်ခုလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂရိနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေး ဖော်ဆောင်ပြီး တရုတ်-ဥရောပ အပြန်အလှန်ချိတ်ဆက်မှု နက်ရှိုင်းစေခြင်းဖြင့် ပိုမိုလက်တွေ့ကျသောရလဒ်များ ရရှိရန် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုနှစ်ရပ်၏ ဉာဏ်ပညာနှင့် တာဝန်သိမှုတို့ဖြင့် ကမ္ဘာကြီးအတွက် တည်ငြိမ်သော၊ အပြုသဘောဆောင်သော အင်အားများ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခင် တရုတ်နိုင်ငံဆိုင်ရာ ဂရိနိုင်ငံသံအမတ်ကြီး၊ ဂရိ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Ioannis Theofanopoulos က မိမိတရုတ်နိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံကို ခံစားမှုအပြည့်ဖြင့် ပြန်လည် အောက်မေ့ပြောကြားခဲ့ပြီး နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း များစွာဝေးကွာနေသော်လည်း ချစ်ကြည်ရေးသံယောဇဉ်နက်ရှိုင်း၍ ယဉ်ကျေးမှုချင်းတူညီကြောင်း အလေးထား ပြောကြားခဲ့သည်။ ဂရိ-တရုတ် ချစ်ကြည်ရေးအသင်းသည် အရပ်ဘက်ကူးလူးဖလှယ်မှုများကို ဆက်လက် တွန်းအားပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအကြား နားလည်သိရှိမှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂရိနိုင်ငံ အစိုးရသတင်းဌာနဖြစ်သည့် အေသင်သတင်းဌာန ဥက္ကဋ္ဌ Aimilios Perdikaris က နှစ်နိုင်ငံမီဒီယာများ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုသည့် ဆန္ဒအား ထုတ်ဖော်ပြောကြားခဲ့ပြီး သတင်းတင်ဆက်မှုသည် ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုအား တွန်းအားပေးရာတွင် အစားထိုး၍မရသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယခုအကြိမ် ခန်းမနီဖိုရမ်ကို ဆင်ဟွာသတင်းဌာန နိုင်ငံခြားရေးရာဗျူရို၊ ဆင်ဟွာသတင်းဌာန ဥရောပရုံးချုပ် ဌာနခွဲ၊ ဗဟို ပါတီသမိုင်းနှင့် စာတမ်းများ သုတေသနအကယ်ဒမီ၏ သိပ္ပံသုတေသန စီမံကိန်းဌာန၊ ဆင်ဟွာသတင်းဌာန သုတေသနဌာနတို့မှ အတူကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ဖိုရမ်တွင် စီးပွားရေးနှင့်ဘဏ္ဍာရေး၊ စွမ်းအင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စသည့် ဖိုရမ်ခွဲများလည်းကျင်းပခဲ့ပြီး ဆွေးနွေးသည့် ခေါင်းစဉ်အကြောင်းအရာများတွင် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှု စသည့် ကဏ္ဍများစွာ ပါဝင်သည်။ (Xinhua)

ယခင် တရုတ်နိုင်ငံဆိုင်ရာ ဂရိနိုင်ငံသံအမတ်ကြီး၊ ဂရိ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Ioannis Theofanopoulos က မေ ၁၂ ရက်တွင် အေသင်မြို့၌ ကျင်းပသည့် “ခန်းမနီဖိုရမ် – တရုတ်-ဂရိ ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ် ဆွေးနွေးပွဲ” ၌ အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)
———————
(Chinese Version)
“红厅论坛:中国希腊合作交流对话会”在雅典举行
新华社雅典5月13日电(记者周玥 陈刚)“红厅论坛:中国希腊合作交流对话会”12日在雅典扎皮翁宫举行,中希两国政府、金融、工商以及传媒界上百名代表参会,深入探讨在全球变局下两国的合作机遇。
中国驻希腊大使方遒出席论坛活动并发表题为《高水平对外开放带来中希合作新机遇》的致辞。他表示,希腊是欧盟的重要成员国,也是西方文明的重要发源地之一。中国愿与希腊一道,积极推进高质量共建“一带一路”合作,深化中欧互联互通,取得更多务实成果,以两个古老文明的智慧与担当,为世界注入稳定性和建设性力量。
希腊前驻华大使、希中友好协会主席扬尼斯·塞奥法诺普洛斯满怀深情地回顾了自己在华任职经历,强调两国虽远隔千山万水,但友谊深厚,文化互通。他表示,希中友协将继续推动民间交流,增进两国人民之间的了解与友谊。
希腊官方通讯社雅通社社长埃米利奥斯·佩尔季卡里斯表达了加强两国媒体合作的愿望,指出新闻报道在推动文明互鉴中起着不可替代的作用。
本次“红厅论坛”由新华社外事局、新华社欧洲总分社、中央党史和文献研究院科研规划部和新华社研究院联合主办。论坛设有经济金融、能源可持续发展等分论坛,议题聚焦金融合作、绿色发展、文明互鉴等多个领域。(完)
图说1:5月12日,希腊前驻华大使、希中友好协会主席扬尼斯·塞奥法诺普洛斯在雅典举行的“红厅论坛:中国希腊合作交流对话会”上致辞。新华社发(马里奥斯·罗洛斯摄)
图说2:5月12日,希腊官方通讯社雅通社社长埃米利奥斯·佩尔季卡里斯在雅典举行的“红厅论坛:中国希腊合作交流对话会”上致辞。新华社发(马里奥斯·罗洛斯摄)