မြန်မာ-中文
Gantsmod-Gashuunsukhait နယ်စပ်ဖြတ်ကျော် ရထားလမ်းက တရုတ်-မွန်ဂိုလီးယားတို့ အပြန်အလှန်ချိတ်ဆက်မှု ပေါင်းကူးတံတားဖြစ်လာရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်-မွန်ဂိုလီးယား နှစ်ဖက် မကြာသေးမီက ကျင်းပခဲ့သည့် Gantsmod-Gashuunsukhait နယ်စပ်ဖြတ်ကျော် ရထားလမ်း စတင်တည်ဆောက်သည့်အခမ်းအနားနှင့်စပ်လျဉ်း၍ ယင်းသည် နှစ်နိုင်ငံအကြား ဒုတိယမြောက် နယ်စပ်ဖြတ်ကျော်ရထားလမ်း တရားဝင် စတင်တည်ဆောက်မှု အမှတ်သင်္ကေတဖြစ်ကြောင်း၊ အဆိုပါရထားလမ်းသည် တရုတ်-မွန်ဂိုလီးယား အပြန်အလှန်ချိတ်ဆက်မှု ပေါင်းကူးတံတားဖြစ်လာပြီး တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရေးအတွက် အားသစ်လောင်းပေးရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၁၅ ရက်တွင်ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်-မွန်ဂိုလီးယား နှစ်ဖက်က Gantsmod-Gashuunsukhait နယ်စပ်ဖြတ်ကျော် ရထားလမ်း စတင်တည်ဆောက်ခြင်း အခမ်းအနားကို မေ ၁၄ ရက်တွင် ကျင်းပခဲ့ရာ ယင်းသည် နှစ်နိုင်ငံအကြား ဒုတိယမြောက် နယ်စပ်ဖြတ်ကျော်ရထားလမ်း တရားဝင်စတင်တည်ဆောက်မှု အမှတ်သင်္ကေတဖြစ်ကြောင်း လျင်ကျန့်က မိတ်ဆက်ပြောကြားခဲ့သည်။
တရုတ်-မွန်ဂိုလီးယားက ကုန်သွယ်စီးပွား၊ စွမ်းအင်သတ္တုလုပ်ငန်း၊ အပြန်အလှန် ချိတ်ဆက်မှု စသည့် အရေးကြီးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ခြင်းသည် သမ္မတ ရှီကျင့်ဖိန်နှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ Ukhnaagiin Khürelsükh တို့ ရရှိထားသည့် အရေးကြီး သဘောတူညီချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ် လီချန်နှင့် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Oyun-Erdene Luvsannamsrai တို့သည် Gantsmod-Gashuunsukhait နယ်စပ်ဖြတ်ကျော်ရထားလမ်းနှင့် ကျောက်မီးသွေး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ပြသမှုကို အတူတကွ သက်သေထူခဲ့ကြကြောင်း၊ Gantsmod-Gashuunsukhait နယ်စပ်ဖြတ်ကျော်ရထားလမ်း တည်ဆောက်ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်အား အကောင်အထည်ဖော်သည့် အသေးစိတ် အစီအမံဖြစ်သည့်အပြင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် မွန်ဂိုလီးယားနိုင်ငံ၏ “မြက်ခင်းပြင်လမ်း” အဆိုပြုချက်နှင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုအား တွန်းအားပေးသော အရေးပါသည့် လက်တွေ့ဖော်ဆောင်မှုလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီရထားလမ်းက တရုတ်-မွန်ဂိုလီးယား အပြန်အလှန်ချိတ်ဆက်မှု ပေါင်းကူးတံတားအသစ် ဖြစ်လာပြီး နှစ်ဖက်က ဖွံ့ဖြိုးတိုးတက်ပေါင်းစပ်မှု နက်ရှိုင်းစေရေး၊ လုပ်ငန်းအပြန်အလှန် ချိတ်ဆက်မှု မြှင့်တင်ရေး၊ ကူးလူးဖလှယ် သွားလာဆက်ဆံမှု တိုးချဲ့ရေးအတွက် အထောက်အကူပြုကာ တရုတ်-မွန်ဂိုလီးယား အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် အားသစ်လောင်းပေးဖို့ မျှော်လင့်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
外交部:希望甘其毛都—嘎顺苏海图跨境铁路成为中蒙互联互通新桥梁
新华社北京5月15日电(记者许可、董雪)就中蒙双方于近日举行甘其毛都—嘎顺苏海图跨境铁路开工仪式,外交部发言人林剑15日在例行记者会上表示,这标志着两国间第二条跨境铁路正式动工,希望这条铁路成为中蒙互联互通新桥梁,为推动中蒙命运共同体建设注入新动力。
林剑介绍,5月14日,中蒙双方共同举行甘其毛都—嘎顺苏海图跨境铁路开工仪式,标志着两国间第二条跨境铁路正式动工。
他表示,扩大中蒙在经贸、能源矿业、互联互通等重点领域合作,是习近平主席同蒙古国总统呼日勒苏赫达成的重要共识。今年2月,李强总理和蒙古国总理奥云额尔登共同见证了关于甘嘎跨境铁路和煤炭贸易的合作协议文本展示。建设甘嘎跨境铁路,既是落实两国元首重要共识的具体举措,也是推动“一带一路”倡议同蒙古国“草原之路”倡议战略对接的重要实践。
“希望这条铁路成为中蒙互联互通新桥梁,助力双方深化发展融合、促进产业联动、扩大交往交流,为推动中蒙命运共同体建设注入新动力。”林剑说。(完)