China
ဘရာဇီးနိုင်ငံ သမ္မတ လူလာနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တွေ့ဆုံဆွေးနွေး

ဘရာဇီးလီးယား၊ မေ ၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ သမ္မတ လူလာသည် ဒေသစံတော်ချိန် ဧပြီ ၃၀ ရက်တွင် ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လူလာက သမ္မတရှီကျင့်ဖိန်အား ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်း ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့သည်။
ဘရာဇီး-တရုတ် နှစ်နိုင်ငံသည် ခိုင်မြဲသော အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ထားကြောင်း၊ အလွှာအသီးသီး အပြန်အလှန်ဆက်ဆံမှုသည် များပြားလာသလို ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်နေ့တခြားနက်ရှိုင်းလာရာ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖော်ဆောင်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို အပြည့်အဝသက်သေထူနေကြောင်း၊ နှစ်ဖက်က သမ္မတ ရှီကျင့်ဖိန် ဘရာဇီးနိုင်ငံခရီးစဉ်၏ အရေးပါသည့်ရလဒ်များကို အရှိန်မြှင့်ဖော်ဆောင်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရား ပိုမိုထိရောက်စွာ လက်တွေ့ဖော်ဆောင်ရေးအား တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက “အလားတူစည်းကြပ်ခွန်” အား ခိုင်မာစွာ တန်ပြန်ဆောင်ရွက်ခြင်းသည် လေးစားဖွယ်ကောင်းကြောင်း၊ တရုတ်နိုင်ငံ၏ တရားမျှတသောလုပ်ရပ်သည် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးခြင်းခံရကြောင်း၊ အချို့သောနိုင်ငံ၏ တာဝန်ယူမှုမရှိသော တစ်ဖက်သတ်လုပ်ရပ်သည် အတူတကွဆန့်ကျင်မှုခံရသင့်ကြောင်း လူလာက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ BRICS ယန္တရား ပိုမိုကြီးမားသည့် အောင်မြင်မှုများ ရရှိရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ စုပေါင်းအင်အားများ စုစည်းရန်၊ လွတ်လပ်စွာကုန်သွယ်ရေးအား အဆိုပြု၍ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းရန် တွန်းအားပေးဖော်ဆောင်သွားလိုပြီး အင်အားသုံးအနိုင်ကျင့်မှုအား နိုင်ငံတကာ တရားမျှတမှုအထက်တွင် တင်စီးထားခြင်းကို လုံးဝခွင့်မပြုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတလူလာအား သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များက ပိုမိုတရားမျှတသောကမ္ဘာနှင့် ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာဂြိုဟ်၏ တရုတ်-ဘရာဇီး အေးအတူပူအမျှအသိုက်ဝန်းအား လက်တွဲတည်ဆောက်ရန် အတူကြေညာခဲ့ခြင်းသည် တရုတ်-ဘရာဇီးဆက်ဆံရေး တိုးတက်ရန်အတွက် လမ်းညွှန်ချက်ပေးသလို အနာဂတ်စီမံကိန်းကိုလည်း ရေးဆွဲလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆွေတော် သမ္မတကြီးက တရုတ်-ဘရာဇီး ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရေးအတွက် နိုင်ငံရေးဆုံးဖြတ်ချက်ချခြင်းသည် ဘရာဇီးနိုင်ငံပြည်သူများ၏ ရေရှည်၊ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာဖော်ဆောင်ပြီး တရုတ်-ဘရာဇီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် ပိုမိုများပြားသည့် ရလဒ်အသစ်များ ရရှိရန် တွန်းအားပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်သည့် လုပ်ရပ်ကို ခိုင်မာစွာ တန်ပြန်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသည် မိမိ၏တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ရုံသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်းလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် BRICS နှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ကိုင်ထားပြီး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးအတွက် မျှော်လင့်ချက်အသစ်များ ဖြန့်ချိပေးကာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ၌ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် BRICS နိုင်ငံများ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် အစည်းအဝေး တက်ရောက်နေစဉ်ကာလအတွင်း ဝမ်ရိသည် ဘရာဇီးနိုင်ငံ သမ္မတ အထူး ထိပ်တန်းအကြံပေး Celso Luiz Nunes Amorim၊ ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mauro Vieira တို့နှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

ဘရာဇီးနိုင်ငံ သမ္မတ လူလာ (ယာ ဒုတိယ) နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ တတိယ) တို့ ဒေသစံတော်ချိန် ဧပြီ ၃၀ ရက်တွင် ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
—————————-
(Chinese Version)
巴西总统卢拉会见王毅
新华社巴西利亚4月30日电(记者陈威华 王天聪)当地时间4月30日,巴西总统卢拉在巴西利亚会见中共中央政治局委员、外交部长王毅。
卢拉请王毅转达对习近平主席的诚挚问候,表示巴中建立了牢固互信,各层级往来频繁,各领域合作日益深化,充分印证了坚持对华友好是正确的抉择。双方要加快落实习近平主席访巴重要成果,推动两国合作机制更高效务实。
卢拉表示,中方坚定有力反制“对等关税”令人钦佩。中国的正义之举得到广泛支持,个别国家不负责任的单边行径理应遭到共同抵制。巴方愿同中方一道,推动金砖机制取得更大成功,汇聚多边主义合力,倡导自由贸易、捍卫国际规则,决不允许强权凌驾于国际公理之上。
王毅转达了习近平主席对卢拉总统的亲切问候,表示两国元首共同宣布携手构建更公正世界和更可持续星球的中巴命运共同体,为中巴关系发展指明了方向、擘画了蓝图。总统先生作出深化中巴全面战略伙伴关系的政治决断,完全符合巴西人民的长远和根本利益。中方愿同巴方一道,落实好两国元首重要共识,推动中巴命运共同体建设取得更多新成果。
王毅表示,中方坚决反制单边霸凌行径,不仅是在维护自身正当权益,也是在维护发展中国家共同利益,捍卫国际公平正义。中国将加强同金砖和全球南方国家合作,坚守多边主义,维护国际规则,为世界播撒新的希望,给和平带来新的机会。
在巴出席金砖国家外长会晤和金砖安代会期间,王毅还分别会见巴西总统首席特别顾问阿莫林、外长维埃拉。(完)
图说1:当地时间4月30日,巴西总统卢拉在巴西利亚会见中共中央政治局委员、外交部长王毅。 新华社发
图说2:当地时间4月30日,巴西总统卢拉(右二)在巴西利亚会见中共中央政治局委员、外交部长王毅(左三)。 新华社发