Connect with us

China

တရုတ် စီးပွားရေး စကားဝိုင်း ဆွေးနွေးပွဲ/ ပုဂ္ဂလိကလုပ်ငန်းများ တရားမျှတစွာ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး အတားအဆီးများကို အခိုင်အမာ ဖယ်ရှားသွားမည်ဟု တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပြောကြား

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ မြှင့်တင်ရေး ဥပဒေသည် စီးပွားရေးအဖွဲ့အစည်း အမျိုးအစားအသီးသီး၏ တရားမျှတစွာ ဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးကို အလေးထားပေသည်။

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) အနေဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ဆက်တိုက် အပြည့်အစုံ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းများ ဥပဒေနှင့်အညီ ထုတ်လုပ်မှုဆိုင်ရာ အဓိကလိုအပ်ချက်များကို တန်းတူညီမျှ အသုံးပြုရေး၊ ဈေးကွက်တွင် တရားမျှတစွာ ယှဉ်ပြိုင်ရေး အတားအဆီးများကို အခိုင်အမာ ဖယ်ရှားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC)၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်ရေးဦးစီးဌာန ဒုတိယ အကြီးအကဲ လျိုမင်က ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဧပြီ ၃၀ ရက်တွင် စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။

“ဈေးကွက်ဝင်ရောက်ခွင့် ကန့်သတ်ချက် စာရင်း (၂၀၂၅ ခုနှစ်)” ကို မကြာမီရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ ၂၀၂၂ ခုနှစ် စာရင်းနှင့် နှိုင်းယှဉ်ပါက အသစ်ထုတ်ပြန်သည့် စာရင်းရှိ အလုပ်ကဏ္ဍကို ၁၁၇ ခုမှ ၁၀၆ ခုအထိ လျှော့ချခဲ့သည်။

“စာရင်းက ပိုပြီးနည်းလေလေ ဈေးကွက်သွက်လက်မှုက ပိုပြီးများလေလေ ဖြစ်တဲ့အတွက် ပုဂ္ဂလိစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ဘက်စုံဆောင်ကြဉ်းပေးတယ်” ဟု လျိုမင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဈေးကွက်ကြီးကြပ်စီမံခန့်ခွဲရေးဌာနချုပ်နှင့်အတူ ပူးတွဲ၍ နိုင်ငံတစ်ဝန်း တစ်ပြေးညီဖြစ်သည့် ဈေးကွက်ဝင်ရောက်ခွင့် ကန့်သတ်ချက်စာရင်းကို ကောင်းမွန်စွာ အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ဈေးကွက်ဝင်ရောက်ခွင့် အတားအဆီးများ ရှင်းလင်းစီမံရေးလှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中国经济圆桌会|国家发展改革委:坚决破除民营企业公平参与市场竞争的障碍
新华社北京4月30日电(记者张晓洁)民营经济促进法强调,保证各类经济组织公平参与市场竞争。国家发展改革委民营经济发展局副局长刘民在新华社4月30日推出的“中国经济圆桌会”大型全媒体访谈节目中表示,国家发展改革委将持续贯彻实施好法律规定,坚决破除民营企业依法平等使用生产要素、公平参与市场竞争的障碍。
《市场准入负面清单(2025年版)》近日发布,相比2022年版清单,新版清单事项数量由117项缩减至106项。
“清单越缩越短,市场越来越活,为民营经济发展带来多方面政策利好。”刘民说,国家发展改革委将联合商务部、市场监管总局组织实施好全国统一的市场准入负面清单,开展市场准入壁垒清理整治行动。