Connect with us

China

တရုတ်အာကာသစခန်း၏ အဋ္ဌမအသုတ်မြောက် သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများ အဆင်ပြေချောမွေ့စွာ ပြန်လည်သယ်ဆောင်လာ

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်အာကာသစခန်း၏ အဋ္ဌမအသုတ်မြောက် သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများကို ဧပြီ ၃၀ ရက်တွင် ရှန်ကျိုး-၁၉ လူတင်အာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) နှင့် ကမ္ဘာမြေကြီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ အာကာသ လက်တွေ့အသုံးချမှု အင်ဂျင်နီယာနှင့် နည်းပညာစင်တာမှ မေ ၁ ရက်တွင် သိခဲ့ရသည်။

ယခုအကြိမ် ပြန်လည်သယ်ဆောင်လာသည့် သိပ္ပံစမ်းသပ်ပစ္စည်းနမူနာများတွင် အာကာသ သက်ရှိသိပ္ပံ၊ အာကာသ ဒြပ်ပစ္စည်းသိပ္ပံ စသည့် ကဏ္ဍမှ လက်တွေ့စမ်းသပ်ချက် ၂၅ ခုနှင့်စပ်လျဉ်းပြီး စုစုပေါင်း အလေးချိန်ပမာဏမှာ ၃၇.၂၅ ကီလိုဂရမ်ဝန်းကျင် ပါဝင်သည်။ ၎င်းအနက် ဇီဝအမျိုးအစား သိပ္ပံစမ်းသပ်ပစ္စည်းနမူနာများကို ပေကျင်းမြို့သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး သိပ္ပံပညာရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ဒြပ်ပစ္စည်းအမျိုးအစား စသည့် သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများကိုမူ ဆက်လက်ပြီး ရှန်ကျိုး-၁၉ လူတင်အာကာသယာဉ်၏ ကမ္ဘာမြေသို့ အပြန်ယာဉ်နှင့်အတူ ပေကျင်းသို့ ပို့ဆောင်မည်‌ ဖြစ်သည်။

ယခုအကြိမ် ပြန်လည်သယ်ဆောင်လာသည့် ဇီဝအမျိုးအစား သိပ္ပံစမ်းသပ်ပစ္စည်းနမူနာများတွင် အဓိကအားဖြင့် လူသားပင်မဆဲလ် (hiPSC)၊ လူသား လေပြွန်ပေါ်ရှိ အပေါ်ယံအလွှာဆဲလ်၊ သီးထိုးယင်၊ ပရိုတင်းနမူနာ စသည့် အမျိုးအစားပေါင်း ၂၀ ပါဝင်သည်။ ဆက်လက်ပြီး သိပ္ပံပညာရှင်များက နမူနာပစ္စည်း၏ အခြေအနေအား စမ်းသပ်မှု၊ ဆဲလ်မျိုးရိုး ခွဲခြမ်းစိတ်ဖြာမှု၊ ဖွဲ့စည်းပုံ ခွဲခြမ်းစိတ်ဖြာမှု၊ Multi-omics ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ သုတေသနပြုမှုတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရလဒ်များသည် လူသားများက အာကာသနှင့် မြေပြင်၏ ကျန်းမာရေးအာမခံချက်အတွက် အချက်အလက်နှင့် သီအိုရီအရ ထောက်ခံပေးမှုများ ထောက်ပံ့ပေးမည်ဖြစ်သည်။

ယခုအကြိမ် ကမ္ဘာဂြိုဟ်သို့ ပြန်လည်သယ်ဆောင်လာသည့် ဒြပ်ပစ္စည်းအမျိုးအစား သိပ္ပံစမ်းသပ်ပစ္စည်း နမူနာများတွင် အဓိကအားဖြင့် တန်စတင်အခြေခံ သတ္တုစပ်များ၊ ကြံ့ကြံ့ခံနိုင်စွမ်း အလွန်မြင့်မားသော စတီး၊ nonlinear optical crystal ၊ လမြေဆီလွှာအားဖြည့်ပစ္စည်း၊ ဂျယ်ပေါင်းစပ် ချောဆီပစ္စည်း စသည်တို့ ပါဝင်သည်။ ဆက်လက်ပြီး သိပ္ပံပညာရှင်များက နမူနာပစ္စည်း ဖွဲ့စည်းပုံသဏ္ဌာန်၊ ဓာတုပါဝင်ပစ္စည်း စသည်တို့ကို စမ်းသပ်ခွဲခြမ်းစိတ်ဖြာမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ သက်ဆိုင်ရာရလဒ်များသည် အနာဂတ် အာကာသနက် (deep space)သို့ စူးစမ်းလေ့လာခြင်း၊ လူသားများ အာကာသတွင် လှုပ်ရှားခြင်း စသည်တို့အတွက် အရေးပါ သီအိုရီပံ့ပိုးမှု ပေးသွားမည်ဖြစ်ပေသည်။ (Xinhua)

——————–
(Chinese Version)
中国空间站第八批科学实验样品顺利返回
新华社北京5月1日电(记者张泉)记者5月1日从中国科学院空间应用工程与技术中心获悉,中国空间站第八批空间科学实验样品4月30日随神舟十九号载人飞船返回舱顺利返回地球。
据介绍,本次返回的科学实验样品涉及空间生命科学、空间材料科学等领域的25项实验项目,总重量约37.25公斤。其中,生命类科学实验样品已运抵北京并交付科学家,材料类等科学实验样品后续将随神舟十九号载人飞船返回舱运输回京。
本次返回的生命类科学实验样品主要包括人诱导多能干细胞、人支气管上皮细胞、果蝇、蛋白样品等20类。后续,科学家将开展样品形态检测、细胞谱系分析、结构分析、多组学分析研究,相关成果将为人类在空间和地面的健康保障提供数据和理论支持。
本次返回地球的材料类科学实验样品主要包括钨基超高温合金、高强韧钢、非线性光学晶体、月壤加固材料、凝胶复合润滑材料等。后续,科学家将开展样品组织形貌、化学成分等测试分析,相关成果将为未来深空探测、人类太空活动等提供重要理论支撑。(完)