Connect with us

မြန်မာ-中文

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ တရုတ်နိုင်ငံ ရှီးအန်းမြို့၌ ဖွင့်လှစ်ကျင်းပ

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသော နိုင်ငံခြားဧည့်သည်တော်များကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို မေ ၂၁ ရက်တွင် ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။

ယခုအကြိမ် ပိုးလမ်းမ နိုင်ငံတကာပြပွဲကို “ပိုးလမ်းမ ပေါင်းစပ်ချိတ်ဆက်မှု – တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ပိုးလမ်းမ အရည်အသွေးမြင့်ထုတ်ကုန်ပြပွဲ၊ ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်မှုပြပွဲ၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုပြပွဲ၊ ဝေဟင်နိမ့်စီးပွားရေးပြပွဲ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးပြပွဲ၊ ယဉ်ကျေးမှု ခရီးသွားလာရေး စားသုံးမှုပြပွဲ ဟူ၍ ပြခန်းဇုန် ၆ ခု ထားရှိကာ စုစုပေါင်း ခင်းကျင်းပြသသည့် ဧရိယာမှာ စတုရန်းမီတာ ၇၂,၀၀၀ ရှိကြောင်း သိရသည်။ (Xinhua)

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ပိုးလမ်းမ အရည်အသွေးမြင့်ထုတ်ကုန်ပြပွဲ၌ တာဂျီကစ္စတန်နိုင်ငံထုတ်ကုန်ကို ဧည့်သည်တော်များ လေ့လာကြည့်ရှုနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ပြည်နယ်များအကြား ပူးပေါင်းဆောင်ရွက်မှုပြပွဲ ရှန်ဟိုင်းမြို့ပြခန်းတွင် ဝန်ထမ်းများက ဦးနှောက်ဖြင့်ထိန်းချုပ်နိုင်သော ပြန်လည်သန်စွမ်းရေး ဘီးတပ်ကုလားထိုင်အား သရုပ်ပြနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၉ ကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာပြပွဲ၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဝေဟင်နိမ့်စီးပွားရေးပြပွဲ၌ ဧည့်သည်တော်များက ပျံသန်းမှုကိရိယာအမျိုးမျိုးအကြောင်း လေ့လာနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+丨第九届丝绸之路国际博览会在西安开幕
新华社照片,西安,2025年5月21日
当日,第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会在陕西省西安市开幕。
本届丝博会以“丝路融通·开放合作”为主题,为期5天,设置丝路优品展、省际合作展、科技创新展、低空经济展、交通物流展、文旅消费展等6个展区,总展示面积7.2万平方米。
图说1:5月21日,外宾出席第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会开幕式。新华社记者 李一博 摄
图说2:5月21日,在第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会丝路优品展上,参观者了解塔吉克斯坦商品。新华社记者 李一博 摄
图说3:5月21日,在第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会省际合作展上海市展区,工作人员演示脑控康复轮椅。新华社记者 李一博 摄
图说4:5月21日,在第九届丝绸之路国际博览会暨中国东西部合作与投资贸易洽谈会低空经济展上,参观者了解各类飞行器。新华社记者 李一博 摄