Connect with us

China

တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ရထားလမ်း ခရီးသွားဧည့်သည် ပို့ဆောင်မှုအကြိမ်ရေသည် ၂၃.၁၁၉ သန်းဖြင့် သမိုင်းစံချိန်သစ်တင်

ခရီးသွားဧည့်သည်များက တရုတ်နိုင်ငံ ဟားအယ်ပင်းဘူတာမှ ထွက်ခွာလာသည်ကို မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
မေ ၁ ရက်တွင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး ရထားလမ်း ပို့ဆောင်မှု ခရီးသွားဧည့်သည် ခရီးသွားအကြိမ်ရေသည် ၂၃.၁၁၉ သန်းရှိပြီး ၎င်းအနက် မြန်နှုန်းမြင့်ရထားတွဲဖြင့် ပို့ဆောင်သည့် ခရီးသွားဧည့်သည် ခရီးသွားအကြိမ်ရေသည် ၁၅.၆၇၁ သန်းရှိသဖြင့် ယမန်နှစ်ကာလတူထက် ၁၁.၇ ရာခိုင်နှုန်းနှင့် ၁၆.၁ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာကာ အားလုံးသမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း၊ ပို့ဆောင်မှုသည် ဘေးကင်းလုံခြုံတည်ငြိမ်၍ စနစ်တကျရှိကြောင်း China Stae Railway Group Co., Ltd မှ သိရသည်။

ရထားလမ်းရေးရာဌာနသည် မေဒေးပိတ်ရက်ကာလ ပို့ဆောင်ရေးအတွက် အထူးစီစဉ်ချက်များ လုပ်ဆောင်ခဲ့ပြီး ခေတ်မီရထားလမ်းကွန်ရက်ကို ကောင်းမွန်စွာ အသုံးပြုကာ မြန်နှုန်းမြင့်ရထားကွန်ရက် လည်ပတ်မှု အားသာချက်ကို အသုံးချ၍ ပို့ဆောင်ရေးစွမ်းရည်အလားအလာကို အဆုံးအစွန်ဖော်ထုတ်ပြီး ပို့ဆောင်ရေး စွမ်းအားကို တိုးချဲ့ခဲ့ကြောင်း၊ ဧပြီ ၃၀ ရက် မတိုင်မီ အသစ်ထုတ်လုပ်ထားသော တစ်နာရီအမြန်နှုန်း ၃၅၀ ကီလိုမီတာရှိသည့် CR ရထား ၁၉ စင်းကို တစ်စုတစ်စည်းတည်း ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ မေ ၁ ရက်တွင် ခရီးသည်တင်ရထား ၁၃,၈၀၀ စင်း ပြေးဆွဲခဲ့ရာ ၎င်းအနက် ထပ်တိုးပြေးဆွဲသည့် ခရီးသည်တင် ရထားအစင်းရေ ၂,၀၀၀ ကျော်ရှိကြောင်း China Stae Railway Group ခရီးသွားဧည့်သည် ပို့ဆောင်ရေးဌာန တာဝန်ရှိပုဂ္ဂိုလ် မိတ်ဆက်ချက်အရ သိရသည်။

တစ်ချိန်တည်းတွင် ရထားလမ်းရေးရာဌာနက 12306 China Railway မှ ရထားလက်မှတ်ဝယ်ယူသည့် Big Data ဖြင့် အများပြည်သူ သွားလာရေးအတွက် လိုအပ်ချက်ကို သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာပြီး ပို့ဆောင်ရေးနည်းလမ်းကို ပြောင်းလဲမှုအခြေအနေအရ ကောင်းမွန်လာစေရန် လုပ်ဆောင်ခဲ့သည်။ ခရီးသည်တင်ရထားတွဲနှင့် ညပိုင်း မြန်နှုန်းမြင့်ရထားများ ထပ်တိုးပြေးဆွဲခြင်း၊ EMU ရထားတွဲများပြန်လည်ပေါင်းစပ်ခြင်း၊ သာမန်အမြန်နှုန်း ခရီးသည်တင် ရထားများတွင် ရထားတွဲထပ်တိုးချိတ်ဆွဲခြင်း စသည့် နည်းလမ်းများဖြင့် သွားလာမှုများသောဒေသနှင့် အချိန်အပိုင်းအခြားတွင် ပို့ဆောင်ရေးအင်အား ထည့်ဝင်မှုတိုးချဲ့ကာ ခရီးသွားရထားတွဲ၊ သက်ကြီးရွယ်အို သီးသန့်ရထားတွဲများ ပြေးဆွဲမှုအားကို မြှင့်တင်ခြင်းဖြင့် ပို့ဆောင်မှုအင်အားနှင့် လိုအပ်ချက်အား တိကျစွာ တွဲဖက် ဖော်ဆောင်ခဲ့သည်။ (Xinhua)

——————–
(Chinese Version)
2311.9万人次 5月1日全国铁路旅客发送量创历史新高
新华社北京5月2日电(记者樊曦)记者从中国国家铁路集团有限公司获悉,5月1日,全国铁路发送旅客2311.9万人次,其中动车组列车发送旅客1567.1万人次,同比分别增长11.7%、16.1%,均创历史新高,运输安全平稳有序。
据国铁集团客运部负责人介绍,铁路部门精心组织“五一”假期运输,用好现代化铁路网,发挥高铁成网运营优势,最大限度挖掘运输潜力、扩充运输能力,4月30日前集中投用19组新造时速350公里复兴号动车组,5月1日开行旅客列车1.38万列,其中加开旅客列车超2000列。
与此同时,铁路部门运用铁路12306购票大数据科学分析出行需求,动态优化运输方案,通过增开旅客列车和夜间高铁、动车组列车重联、普速旅客列车加挂车辆等方式,在热门区间和时段增加运力投放,加大旅游列车、银发专列开行力度,实现运力和需求精准匹配。(完)
图说:5月1日,旅客从哈尔滨火车站下车出站。新华社发(原勇摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.