Connect with us

North America

အမေရိကန်နိုင်ငံက ဇွန် ၁၄ ရက်တွင် စစ်ရေးပြပွဲကျင်းပမည်၊ ထိုနေ့သည် ထရမ့်မွေးနေ့ဟု အမေရိကန်မီဒီယာများ ဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်တွင် အမေရိကန်နိုင်ငံ သမ္မတထရမ့်က ရဟက်ယာဉ်ပေါ်မှ ဆင်းလာသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ)
အမေရိကန် ကြည်းတပ် ထူထောင်ခြင်း နှစ်ပေါင်း ၂၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ထရမ့်အစိုးရသည် ဇွန် ၁၄ ရက်တွင် မြို့တော်ဝါရှင်တန်၌ စစ်ရေးပြပွဲကျင်းပမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Anna Kelly က မေ ၂ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ပြန်ကြေညာခဲ့သည်။ ဇွန် ၁၄ ရက်သည် အမေရိကန်သမ္မတ ထရမ့်၏ ၇၉ နှစ်ပြည့် မွေးနေ့လည်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြကြသည်။

“ဇွန် ၁၄ ရက်မှာ အမေရိကန် ကြည်းတပ် ထူထောင်ခြင်း နှစ် ၂၅၀ ပြည့်အား ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ထရမ့်က စစ်ရေးပြပွဲမှတစ်ဆင့် အမေရိကန် စစ်မှုထမ်းဟောင်းတွေ၊ လက်ရှိ စစ်မှုထမ်းတွေနဲ့ စစ်ရေးသမိုင်းအား အလေးပြုသွားမှာဖြစ်ပါတယ်” ဟု Anna Kelly က ဆိုသည်။

စစ်ရေးပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျဖော်ဆောင်လျက်ရှိကြောင်း၊ စစ်ရေးပြပွဲ အခမ်းအနားတွင် ခန့်မှန်းခြေ စစ်ဘက်သုံးယာဉ် ၁၅၀ စီး၊ လေယာဉ် ၅၀ စင်း နှင့် စစ်သည်ပေါင်း ၆,၆၀၀ ပါဝင်သွားမည်ဖြစ်ကြောင်း အမေရိကန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Heather Hagan ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။

ဂုဏ်ပြုအခမ်းအနားတွင် ဝါရှင်တန် အမျိုးသားရင်ပြင်၌ မီးရှူးမီးပန်းဖောက်၍ တင်ဆက်ပြသမှု စသည့် ပွဲတော်အခမ်းအနား အစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။ အစီအစဉ်ရေးဆွဲထားသည့် စာရွက်စာတမ်းအရ အမေရိကန်ကြည်းတပ်သည် ရက်သတ္တပတ်တစ်ပတ်ကြာ ဂုဏ်ပြုအခမ်းအနားများ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထရမ့်သည် ၎င်း၏ ပထမသမ္မတသက်တမ်းကာလအတွင်း ဝါရှင်တန်၌ စစ်ရေးပြပွဲကျင်းပရန် အဆိုပြုခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ဆိုင်းငံ့ထားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
美国将于6月14日举行阅兵式 美媒报当天是特朗普生日
新华社华盛顿5月2日电 美国白宫发言人安娜·凯利2日在社交媒体宣布,特朗普政府将于6月14日在首都华盛顿举行阅兵式,以纪念美国陆军成立250周年。美国媒体说,6月14日恰逢美国总统特朗普79岁生日。
凯利说:“为庆祝6月14日美国陆军成立250周年,特朗普总统将通过阅兵式向美国退役军人、现役军人和军事历史致敬!”
美国媒体援引美军发言人希瑟·哈根的说法报道,阅兵筹备工作正有序推进,预计将有约150辆军车、50架飞机及6600名士兵参加阅兵式。庆祝活动还包括华盛顿国家广场的烟花表演等节日庆典活动。根据规划文件,美国陆军计划开展为期一周的系列庆祝活动。
特朗普在首个总统任期内曾提议在华盛顿举行阅兵式,但后被搁置。(完)
图说:4月27日,在美国首都华盛顿,美国总统特朗普走下直升机。新华社记者 胡友松 摄