Agriculture
“၂၀၀၀ ပြည့်လွန်ဖွား” လူငယ်များ စိုက်ခင်းတွင် အခြေချ၍ “ချိုမြိန်မှု” ကို ရှာဖွေ

ထျန်းကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)
ခရမ်းချဉ်သီး ဖန်လုံအိမ်စိုက်ခင်းထဲမှ ထွက်လာသောအခါ ယွင်ကျီယဉ်သည် အတန်းဖော် ကောင်းကျားလုနှင့်အတူ စိုက်ပျိုးရေး နည်းပညာရှင်ထံမှ အသစ်လေ့လာသင်ယူလာသော ခရမ်းချဉ်သီးအပင် တစ်ပင်လုံးတွင် မလိုအပ်သော ကိုင်းခွဲများအား ဖယ်ရှားခြင်း အသိပညာကို မျှဝေလျက်ရှိသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ ထျန်းကျင်း စိုက်ပျိုးရေးတက္ကသိုလ် ဥယျာဉ်ပန်းမန်သစ်တောကျောင်းမှ မဟာသိပ္ပံဘွဲ့သင်တန်း ကျောင်းသူများဖြစ်ပြီး ထျန်းကျင်းမြို့ ဝူချင်းခရိုင် ဘယ်ရီသီး သိပ္ပံနည်းပညာဌာနမှ အဖွဲ့ဝင်များလည်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဧပြီတွင် အဆိုပါသိပ္ပံနည်းပညာဌာနသည် ထျန်းကျင်းမြို့ ထျန်းမင်စိုက်ခင်း စိုက်ပျိုးရေး သိပ္ပံနည်းပညာ သရုပ်ပြဥယျာဉ် ထူထောင်မှုကို အမှီပြု၍ ထျန်းကျင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဝမ်လိကျွမ်းက သိပ္ပံနည်းပညာဌာနမှ ကျောင်းသားကျောင်းသူများအတွက် ပညာရပ်ဆိုင်ရာ သင်ကြားလမ်းညွှန်မှုများ လုပ်ဆောင်ပေးခဲ့သည်။ စိုက်ပျိုးရေးနည်းပညာရှင် ချန်ရှန်းထောင်းကမူ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့နည်းပြဆရာဖြစ်သည်။
နံနက်ခင်းမှ ညနေခင်းအထိ လူငယ်များသည် နည်းပြဆရာနှင့်အတူ စိုက်ပျိုးရေးဖန်လုံအိမ် အဆောက်အအုံပေါင်း တစ်ဒါဇင်ကျော်ကြားတွင် ဖြတ်သန်းသွားလာရင်း စိုက်ခင်းမှတ်တမ်းရေးသားကာ စိုက်ခင်းစီမံခန့်ခွဲမှုများ လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ စိုက်ခင်းမှ လက်တွေ့ဖော်ဆောင်ရန် မြေယာထောက်ပံ့ပေးပြီး ကျောင်းမှ လူရည်ချွန်နှင့် နည်းပညာ ထောက်ပံ့ပေးသည့် သိပ္ပံနည်းပညာဌာနပုံစံသည် စိုက်ပျိုးရေး လူရည်ချွန်များကို ပျိုးထောင်ပေးလိုက်သလို သိပ္ပံသုတေသနရလဒ်ကိုလည်း အစောဆုံး လက်တွေ့အဖြစ် ပြောင်းလဲလာစေနိုင်သည်။
“ဒီနှစ် ဘွဲ့ရကျောင်းပြီးရင် ကျွန်တော်က ရှင်းကျန်းကိုပြန်ပြီး စိုက်ပျိုးပညာနည်းပညာရှင်တစ်ဦးလုပ်မှာပါ။ အဲဒီနေရာအတွက် ပိုမိုများပြားတဲ့ ‘ချိုမြိန်မှု’ တွေ သယ်ဆောင်သွားပေးမှာဖြစ်ပါတယ်” ဟု ကျောင်းသား ကျန်းယန့်ဖုန်က ပြောကြားခဲ့သည်။ ကျောင်းဥယျာဉ်မှ ဖန်လုံအိမ်စိုက်ခင်းအထိ အဆိုပါ သိပ္ပံနည်းပညာဌာနမှ “၂၀၀၀ ပြည့်လွန်ဖွား” လူငယ်များသည် အနာဂတ်အတွက် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရင်း သုတေသန စာတမ်းများကို အမိနိုင်ငံ မြေကြီးပေါ်တွင် ရေးသားရင်း ရွှံ့မြေများထက်တွင် လူငယ်များ၏အားမာန်များက ထွန်းလင်းတောက်ပလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ထျန်းမင်စိုက်ခင်း စိုက်ပျိုးရေးသိပ္ပံနည်းပညာ သရုပ်ပြဥယျာဉ်တွင် ဝမ်လိကျွမ်းက (ယာ) က ယွင်ကျီယဉ်အတွက် လက်တွေ့စမ်းသပ်ချက် အကြောင်းအရာ စီစဉ်ပေးနေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ထျန်းမင်စိုက်ခင်း စိုက်ပျိုးရေးသိပ္ပံနည်းပညာ သရုပ်ပြဥယျာဉ်တွင် ကျောင်းသား၊ ကျောင်းသူက စတော်ဘယ်ရီအား နမူနာယူ၍ ခွဲခြမ်းစိတ်ဖြာရန် လုပ်ဆောင်နေသည်ကို ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
“00后”青年扎根田园寻找“甜蜜”
新华社照片,天津,2025年5月4日
从番茄大棚里走出,恽子怡和同学高嘉璐分享着从农业技术员那里新学到的番茄整枝打杈知识。他们是天津农学院园艺园林学院研究生,也是天津武清小浆果科技小院的成员。
2024年4月,这家科技小院依托天津天民田园农业科技示范园成立,由天津农学院王丽娟教授为科技小院的学生们提供学术指导,54岁的农业技术员陈相涛则是学生们的实践导师。
从清晨到黄昏,青年们跟着导师在十余个设施农业大棚间穿行,记录田间日志、开展田间管理。 这种由园区提供实践土地、学校提供人才技术支撑的科技小院模式既培养了农业人才,也能让科研成果尽快得到转化。
“今年毕业后我即将回到新疆,在当地成为一名农业技术员,为那里带来更多‘甜蜜’。”学生张彦朋说。从校园步入田间大棚,这群科技小院的“00后”青年畅想着未来,把论文书写在祖国大地上,在泥土中绽放青春。
图说1:在天津天民田园农业科技示范园,农业科技员陈相涛(右)带领学生们在大棚间穿梭(4月29日摄)。新华社记者 孙凡越 摄
图说2:在天津天民田园农业科技示范园,王丽娟(右)为恽子怡布置实验课题(4月24日摄)。新华社记者 孙凡越 摄
图说4:在天津天民田园农业科技示范园,学生准备对草莓进行取样分析(4月29日摄)。新华社记者 孙凡越 摄