Connect with us

China

ဆင်ဟွာသတင်းဌာနနှင့် The Hindu Publishing Group တို့ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် The Hindu Publishing Group ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Narasimhan Ram တို့ မေ ၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် မေ ၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ The Hindu Publishing Group ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Narasimhan Ram နှင့်တွေ့ဆုံခဲ့ရာ ဆင်ဟွာသတင်းဌာနနှင့် The Hindu Publishing Group တို့ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ရန်အတွက် နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

နှစ်ဖက်အနေဖြင့် သတင်းတင်ဆက်မှုနှင့် သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား တက်တက်ကြွကြွ တိုးချဲ့သွားလိုကြောင်း၊ တရုတ်-အိန္ဒိယ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အကြောင်းအရာအား အတူတကွ ကောင်းမွန်စွာ တင်ဆက်ရင်း နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်မှုနှင့် နှစ်ဖက်ဆက်ဆံရေး တိုးတက်မှု တွန်းအားပေးရေးအတွက် တက်ကြွသည့် အခန်းကဏ္ဍမှပါဝင်သွားလိုကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားမူဘောင်အောက်တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ကြသည်။ (Xinhua)

—————–
(Chinese Version)
新华社同印度教徒报集团探讨推进交流合作
新华社北京5月6日电(记者冯歆然)新华社社长傅华6日在北京会见印度教徒报集团董事会主席拉姆,就进一步推进新华社同印度教徒报集团交流合作深入交换意见。
双方表示,愿积极拓展新闻报道和相关领域合作,共同讲好中印友好交往故事,为增进两国人民相互理解、推动双边关系发展发挥积极作用。同时,愿加强多边机制框架下沟通协作。(完)
图说:5月6日,新华社社长傅华在北京会见印度教徒报集团董事会主席拉姆。 新华社记者 李响 摄