China
ရှီကျင့်ဖိန်က Friedrich Merz ဂျာမနီဖက်ဒရယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့၊ လီချန်ကလည်း Friedrich Merz ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
သမ္မတရှီကျင့်ဖိန်က မေ ၆ ရက်တွင် Friedrich Merz ထံသို့ ဂျာမနီဖက်ဒရယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်-ဂျာမနီသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၃ နှစ်ကြာကာလတွင် နှစ်နိုင်ငံသည် အပြန်အလှန် လေးစားယုံကြည်မှု၊ တန်းတူညီမျှ အပြန်အလှန်ဆက်ဆံမှု နည်းလမ်းကို ခိုင်မာစွာ လက်ကိုင်ထားပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးတိုးတက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်ကို အစဉ်အမြဲ လျှောက်လှမ်းခဲ့ရာ လက်တွဲအတူ ရှေ့သို့တက်လှမ်းသည့်၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေသည့် မိတ်ဖက်ကောင်းများ ဖြစ်လာကာ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်စွာ တိုးတက်အောင် တွန်းအားပေးနိုင်ခဲ့ပါကြောင်း ၎င်းက ဖော်ပြခဲ့သည်။
မျက်မှောက် ကမ္ဘာသည် ပြောင်းလဲရှုပ်ထွေးကာ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဟူသည့် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်သော လှုပ်ရှားမှုများ လှုပ်ရှားလျက်ရှိကြောင်း၊ သို့သော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖြစ်ထွန်းရေးသည် လူ့လောက၏ လမ်းကြောင်းမှန်နှင့် တားဆီးမရသည့် ခေတ်ရေစီးကြောင်း ဖြစ်နေဆဲပင် ဖြစ်ကြောင်း၊ ကမ္ဘာ့ ဒုတိယ၊ တတိယ အကြီးဆုံး စီးပွားရေးအစုအဖွဲ့နှင့် ကမ္ဘာ့ဩဇာအရှိန်အဝါရှိသည့် နိုင်ငံကြီးများအနေဖြင့် တရုတ်-ဂျာမနီ နှစ်နိုင်ငံသည် သမိုင်းရေစီးကြောင်းတွင် လိုက်ပါသင့်ပြီး တရားမျှတ သမာသမတ်ကျမှုကို အခိုင်အမာလက်ကိုင်ထားခြင်း၊ အပြန်အလှန် ကူးလူးဖလှယ် လေ့လာမှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ခြင်း၊ မိုးဒဏ်လေဒဏ် အခက်အခဲများကို လက်တွဲအတူခုခံခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ကာ တန်းတူညီမျှ၊ စနစ်ကျသော ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းရေးနှင့် အများအကျိုးဖြစ်ထွန်း၍ အားလုံးပါဝင်မှုရှိသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို အတူတကွ တွန်းအားပေးသင့်ပါကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
မိမိအနေဖြင့် တရုတ်-ဂျာမနီ ဆက်ဆံရေး တိုးတက်ရေးအပေါ် အထူးအလေးထားရာ အဆွေတော် ဝန်ကြီးချုပ်နှင့်အတူ သံတမန်ဆက်ဆံရေးထူထောင်သည့် မူလရည်မှန်းချက်ကို လက်ကိုင်ထား၍ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာရေး၊ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းရေးအား ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-ဂျာမနီ ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အခင်းအကျင်းသစ်ကို ဖွင့်လှစ်ကာ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်ဦးတည်ချက်ကို လမ်းညွှန်ဦးဆောင်၍ ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးစည်ပင်ရေးကို အတူတကွ မြှင့်တင်သွားလိုကြောင်း ရှီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်ကလည်း Friedrich Merz ထံသို့ ဂျာမနီဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ တရုတ်-ဂျာမနီသည် ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက် ဖြစ်ပြီး နှစ်ဖက် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ရလဒ်များမှာ ထင်ရှားသလို အလားအလာကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။
တန်းတူညီမျှ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုသည် နှစ်နိုင်ငံ၏ အတူတကွ သမိုင်းရွေးချယ်မှု ဖြစ်သလို တရုတ်-ဂျာမနီဆက်ဆံရေး၏ အထင်ရှားဆုံး ထူးခြားချက်လည်းဖြစ်ရာ နှစ်ဖက်အနေဖြင့် ဂရုတစိုက်ကာကွယ်ထိန်းသိမ်းမှုနှင့် လက်ဆင့်ကမ်း မြှင့်တင်ထိုက်ပါကြောင်း၊ မိမိအနေဖြင့် အဆွေတော်နှင့်အတူ ကောင်းမွန်သော လုပ်ငန်းပိုင်ဆိုင်ရာ ဆက်သွယ်မှုကို တည်ဆောက် ထိန်းသိမ်းသွားလိုကြောင်း၊ ကူးလူးဖလှယ်မှုများကို ထဲထဲဝင်ဝင် ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်ရေး အတူမြှင့်တင်ခြင်း၊ နားလည်မှုများတိုးမြှင့်၍ ဘုံသဘောတူညီချက်များ စုစည်းခြင်းဖြင့် တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အနက်အဓိပ္ပာယ်ကို စဉ်ဆက်မပြတ် ဖြည့်တင်းလျက် တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းမှန်ကို ဦးဆောင်သွားလိုကြောင်း လီချန်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ (Xinhua)
———————-
(Chinese Version)
习近平致电祝贺默茨当选德国联邦总理 李强向默茨致贺电
新华社北京5月6日电 5月6日,国家主席习近平致电弗里德里希·默茨,祝贺他当选德意志联邦共和国总理。
习近平指出,中德是全方位战略伙伴。建交53年来,两国坚持互尊互信、平等相待的相处之道,始终走互利互惠、共赢发展的合作之路,成长为携手并进、彼此成就的好伙伴,以高水平合作推动双边关系持续健康发展。当今世界变乱交织,单边主义、保护主义逆流涌动,但和平、发展、合作、共赢仍是人间正道和不可阻挡的时代潮流。作为世界第二、第三大经济体和具有全球影响的大国,中德两国理当顺应历史大势,坚守公平正义,深化交流互鉴,加强团结合作,携手抵御疾风骤雨,增进两国人民福祉,共同推动平等有序的世界多极化和普惠包容的经济全球化。我高度重视中德关系发展,愿同总理先生一道努力,秉持建交初心,巩固政治互信,深化交流合作,开创中德全方位战略伙伴关系新局面,引领中欧合作正确方向,共同促进世界和平稳定和发展繁荣。
同日,国务院总理李强致电祝贺默茨当选德国总理,表示中德是全方位战略伙伴,双方各领域务实合作成果斐然、前景广阔。平等互惠、合作共赢是两国共同作出的历史选择,也是中德关系最鲜明的特色,值得双方精心呵护和传承弘扬。我期待同你建立并保持良好工作联系,深化交流、共促发展,增进理解、凝聚共识,不断充实中德全方位战略伙伴关系内涵,引领中德、中欧合作正确方向。(完)