Connect with us

China

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေးတိရစ္ဆာန်ပြပွဲ၌ လာရောက်လည်ပတ်သူတစ်ဦးက ၎င်း၏ခွေးလေးနှင့်အတူ ပြခန်း၌ ပြသထားသော အရုပ်ကားစီးနေပုံကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေး အချစ်တော်တိရစ္ဆာန်ပြပွဲကို မေ ၈ ရက်တွင် အမျိုးသားကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ (ရှန်ဟိုင်း) ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် အိမ်မွေးတိရစ္ဆာန်လုပ်ငန်းကုမ္ပဏီပေါင်း ၁,၂၀၀ ကျော်က စတုရန်းမီတာ ၁ သိန်းကျော်သည့် ပြခန်းနေရာ၌ အိမ်မွေးတိရစ္ဆာန်အစားအစာ၊ အဝတ်အစား၊ ကျန်းမာရေးအားဖြည့်စာ၊ အလှပြင်ဆင်မှုမှ အိမ်မွေးတိရစ္ဆာန်များအား အိမ်အပြင်ခေါ်ဆောင်သွားလာရေး၊ မျိုးပွားရေးနှင့် အိမ်မွေးတိရစ္ဆာန်သုံး စမတ်ပစ္စည်းများ စသည့် ကဏ္ဍပေါင်းစုံမှ ထုတ်ကုန်အသစ်နှင့် အယူအဆအသစ်များကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေးတိရစ္ဆာန်ပြပွဲ၏ အိမ်မွေးတိရစ္ဆာန် အလှပြင်ပြိုင်ပွဲတွင် အိမ်မွေးတိရစ္ဆာန်အလှပြင်ဆရာတစ်ဦးက မော်ဒယ်ခွေးလေးအတွက် အမွေးညှပ်ပေးနေသည်ကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် TOPS အိမ်မွေးတိရစ္ဆာန်ပြပွဲ၌ အိမ်မွေးတိရစ္ဆာန်သုံးပစ္စည်း ပြခန်းပြသသည့်ကုမ္ပဏီဝန်ထမ်း (ဝဲ ပထမ) က လာရောက်ကြည့်ရှုသူများအား မစင်အလိုအလျောက်ခွဲ၍စုစည်းနိုင်သော စမတ်ကြောင်အိမ်သာတစ်မျိုး မိတ်ဆက်ပေးနေသည်ကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
上海:第五届TOPS它博会宠物展开幕
新华社照片,上海,2025年5月8日
当日,第五届TOPS它博会宠物展在国家会展中心(上海)开幕,1200余家宠物行业展商在超10万平方米展览空间内,展示从宠物食品、服饰、保健、美容到宠物出行、繁育和宠物智能设备等众多领域的新产品和新理念。
图说1:5月8日,一名参观者带着她的小狗在宠物出行展台上乘坐玩具车。 新华社记者 方喆 摄
图说2:5月8日,一名宠物美容师在展览现场举行的宠物美容大赛上为模特犬修剪毛发。新华社记者 方喆 摄
图说3:5月8日,一家宠物用品展商工作人员(左一)在向参观者介绍一款能够自动分离收集粪便的智能猫砂盆。新华社记者 方喆 摄