Connect with us

Asia

အိန္ဒိယဒရုန်း ၂၅ စင်း ပစ်ချနိုင်ခဲ့ပြီး ပါကစ္စတန်ဘက်တွင် သေဆုံးဒဏ်ရာရသူများရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် Rawalpindi မြို့တွင် အိန္ဒိယဒရုန်း တိုက်ခိုက်ခဲ့သောနေရာ အနီးဝန်းကျင်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်သားများကို မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယမှလာသော ဒရုန်းများသည် ပါကစ္စတန်ပြည်တွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန်ဘက်က ၂၅ စင်း ပစ်ချခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး အရပ်သား ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာနက မေ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဒရုန်းများသည် မေ ၈ ရက် နံနက်အစောပိုင်းမှစ၍ ပါကစ္စတန်နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးလ်၊ Rawalpindi စသည့် ဒေသများနှင့် တောင်ပိုင်း Sindh ပြည်နယ် မြို့တော် ကရာချိ စသည့်နေရာများတွင် အိန္ဒိယဒရုန်း ၁၂ စင်းကို ပစ်ချခဲ့ကြောင်း၊ ပါကစ္စတန်သို့ ကျူးကျော်လာသော အခြား ဒရုန်းတစ်စင်းသည် ပန်ဂျပ်ပြည်နယ်ရှိ ပါကစ္စတန် စစ်ရေးပစ်မှတ်ကို ထိမှန်ခဲ့ရာ အနည်းဆုံး တပ်သား ၄ ဦးဒဏ်ရာရခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ Sindh ပြည်နယ် မီရာနိုဒေသတွင်လည်း ဒရုန်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က အဆိုပါနေ့တွင် ပါကစ္စတန် စစ်ဌာနချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် အိန္ဒိယမှဒရုန်းများ ပါကစ္စတန်လေပိုင်နက်တွင် စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လျက်ရှိရာ ပါကစ္စတန်စစ်တပ်က ယခုအခါ “အမြင့်ဆုံးတပ်လှန့်သည့်အနေအထား” တွင်ရှိကြောင်း Chaudhry က ပြောကြားခဲ့သည်။ အိန္ဒိယစစ်တပ်၏ မေ ၇ ရက်တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်တွင် ၃၁ ဦးသေဆုံး၍ ၅၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

လာဟိုးလ်ဒေသ နေရာအများအပြားတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး လေ့လာမှုအရ ထိုပေါက်ကွဲသံများမှာ အိန္ဒိယမှဒရုန်းများ ကျူးကျော်ဝင်ရောက်လာပြီးနောက် ပါကစ္စတန်စစ်တပ်ဘက်က ပစ်ချမှုမှ လာခြင်း၊ သို့မဟုတ် စစ်ရေးပစ်မှတ်ကို ထိမှန်ပြီးနောက် ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံမှ လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးက မေ ၈ ရက် နံနက်အစောပိုင်းတွင် ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။

လုံခြုံရေးအရ မြို့တော် အစ္စလာမ်မာဘတ်နှင့် လာဟိုးလ်၊ ကရာချိ၊ ဆိုင်ရယ်လ်ကော့တ်ရှိ လေဆိပ်များကို ဒေသစံတော်ချိန် မေ ၈ ရက် ည ၆ နာရီအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်က မေ ၈ ရက် နံနက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ အိန္ဒိယဒရုန်း တိုက်ခိုက်ခဲ့သောနေရာတွင် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးနေသူများအား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
巴基斯坦军方:已击落25架印度无人机 巴人员有伤亡
新华社伊斯兰堡5月8日电(记者蒋超)巴基斯坦三军新闻局8日发表声明说,来自印度的无人机持续侵入巴基斯坦境内,巴方已击落25架无人机。该事件已造成至少1名平民死亡、5人受伤。
巴基斯坦三军新闻局局长乔杜里当天在巴基斯坦陆军总部举行的新闻发布会上说,印度无人机自8日凌晨起持续侵入巴基斯坦境内,巴方在东部旁遮普省首府拉合尔市和拉瓦尔品第等地区以及南部信德省首府卡拉奇等地击落了12架印度无人机。另有一架侵入巴方的无人机在旁遮普省击中了巴军事目标,造成至少4名军人受伤,军事设施受损。无人机还在信德省米亚诺地区造成平民1死1伤。
乔杜里说,目前仍有印度无人机持续侵入巴领空,巴军队现处于“高度戒备状态”。乔杜里在此前举行的新闻发布会上表示,印度军队7日对巴基斯坦的一系列袭击已造成巴方31人死亡、57人受伤。
当地目击者8日凌晨告诉新华社记者,在拉合尔市区多地听到爆炸声,经了解爆炸声源于印度无人机入侵后被巴军方击落,或击中军事营地目标后发出的巨大声响。
巴基斯坦民航局8日上午发布公告说,出于安全原因,首都伊斯兰堡以及拉合尔、卡拉奇和锡亚尔科特的机场临时关闭至当地时间8日晚6时。(完)
图说 1:5月8日,安全人员在巴基斯坦旁遮普省拉瓦尔品第的印度无人机袭击现场附近执勤。新华社发(艾哈迈德·卡迈勒摄)
图说2:5月8日,人们在巴基斯坦卡拉奇的印度无人机袭击现场检查受损的房屋。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.