မြန်မာ-中文
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်မြို့ဟောင်းတွင် နဂါးလှေလှော်ပြိုင်ပွဲ ကျင်းပ

ကျန့်ယွမ် (ကွေ့ကျိုး)၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပြည်သူ့အားကစားဖလား တစ်နိုင်ငံလုံးဆိုင်ရာ နဂါးလှေလှော်ပြိုင်ပွဲကို ဇူလိုင် ၂၂ ရက်တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျန့်ယွမ်မြို့ဟောင်း၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံး ဒေသအသီးသီးမှ နဂါးလှေလှော်အဖွဲ့ ၁၀ ဖွဲ့က တစ်နေရာတည်းတွင် ပါဝင်ယှဉ်ပြိုင်၍ ကျန့်ယွမ်မြို့ဟောင်း၏ ဝူယန်မြစ်တွင် ၂ ရက်ကြာ ရေပေါ်ယှဉ်ပြိုင်မှု လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်တစ်ချိန်တည်းတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖျော်ဖြေတင်ဆက်ပြသမှု၊ “နဂါးမင်း၏နှမတော် ထိမ်းမြားခြင်း” အကြောင်းအရာများ လှည့်လည်တင်ဆက်မှု စသည့် အမျိုးစုံလင်သော လှုပ်ရှားမှုများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

၂၀၁၅ ခုနှစ် ပြည်သူ့အားကစားဖလား တစ်နိုင်ငံလုံးဆိုင်ရာ နဂါးလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်မြို့ဟောင်းတွင် ဒေသခံပြည်သူများက “နဂါးမင်း၏နှမတော် ထိမ်းမြားခြင်း” ရိုးရာဓလေ့ လှည့်လည်တင်ဆက်မှုတွင် ပါဝင်နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်မြို့ဟောင်းတွင် ဒေသခံပြည်သူများက “နဂါးမင်း၏နှမတော် ထိမ်းမြားခြင်း” ရိုးရာဓလေ့ လှည့်လည်တင်ဆက်မှုတွင် ပါဝင်နေသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်ခရိုင် ဝူယန်မြစ်ပေါ်တွင် နဂါးလှေလှော်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်အသင်းများကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျန့်ယွမ်ခရိုင် ဝူယန်မြစ်ပေါ်တွင် နဂါးလှေလှော်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေသော ပြိုင်ပွဲဝင်အသင်းများကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————-
(Chinese Version)
贵州镇远:古城赛龙舟
新华社照片,镇远(贵州),2025年7月22日
当日,2025年民体杯全国龙舟比赛在贵州省黔东南苗族侗族自治州镇远古城开幕。来自全国各地的10支龙舟队伍同场竞技,在镇远古城的㵲阳河上参加为期两天的水上竞速。赛事期间同时举办非遗展演、“龙神嫁妹”主题巡演等丰富多彩的活动。
1、5:7月22日,参赛代表队在镇远县㵲阳河上进行龙舟比赛。新华社记者 杨文斌 摄
2:这是7月22日拍摄的2025年民体杯全国龙舟比赛开幕式(无人机照片)。 新华社记者 杨文斌 摄
3、4:7月22日,当地群众在镇远古城参加“龙神嫁妹”民俗巡游展演。新华社记者 杨文斌 摄