Connect with us

မြန်မာ-中文

ရှီကျင့်ဖိန်က ရှင်းကျင်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနား တက်ရောက်ရန် ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့သို့ ရောက်ရှိ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ ရှင်းကျင်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနား တက်ရောက်ရန် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အထူးလေယာဉ်ဖြင့် ရှင်းကျန်းဒေသ ဝူးလူမုချီမြို့သို့ ရောက်ရှိလာရာ ရှီကျင့်ဖိန်က လေယာဉ်မှထွက်လာ၍ ကြိုဆိုကြသည့် ပြည်သူများကို လက်ပြနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ရှင်းကျင်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနား တက်ရောက်ရန် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အထူးလေယာဉ်ဖြင့် ရှင်းကျန်းဒေသ ဝူးလူမုချီမြို့သို့ ရောက်ရှိလာခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ရှင်းကျန်းသို့ လာရောက်ပြီး ရှင်းကျင်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း ဂုဏ်ပြုအခမ်းအနား တက်ရောက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်သမိုင်း၌ ပထမဆုံးအကြိမ်ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ရှင်းကျန်းဒေသလုပ်ငန်းအပေါ် များစွာအလေးထားမှုနှင့် ရှင်းကျန်းဒေသ တိုင်းရင်းသားအသီးသီး ကေဒါပြည်သူများအပေါ် ရင်းနှီးစွာ ဂရုပြုမှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ပေသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဝမ်ဟုနင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုအထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီတို့လည်း လေယာဉ်တစ်စင်းတည်းဖြင့်‌ ရောက်ရှိလာခဲ့သည်။
ရွှေဝါရောင်လွှမ်းသော ဆောင်းဦးရာသီချိန်တွင် ရှင်းကျန်းဒေသ နေရာအနှံ့အပြား၌ သီးထွက်နှုန်းကောင်းသည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ ဝူးလူမုချီ ထျန်းဆန်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုင်းသံဗုံသံများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။
ညနေ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရှီကျင့်ဖိန် စီးနင်းလိုက်ပါသည့် အထူးလေယာဉ်သည် ထျန်းဆန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ရာ လေယာဉ်ကွင်းအတွင်း၌ စောင့်ဆိုင်းနေကြသော ရှင်းကျန်း တိုင်းရင်းသားအသီးသီး၊ နယ်ပယ်အသီးသီးမှ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ရှီကျင့်ဖိန်က လေယာဉ်အတွင်းမှ ထွက်လာပြီးနောက် ကြိုဆိုနေသော ပြည်သူများကို လက်ပြနှုတ်ဆက်ခဲ့သည်။
တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီ ကော်မတီ အတွင်းရေးမှူး ချန်ရှောင်ကျန်း၊ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ ဥက္ကဋ္ဌ အိုက်နီခန် ထူနီရာကျစ်၊ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျူမုရစ်ထီ ဝူပုလိ၊ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ နူအယ်လန် အားပုတူးမန်ကျင်း၊ ရှင်းကျန်းဒေသ ထုတ်လုပ်မှုနှင့် တည်ဆောက်ရေးတပ်ဖွဲ့ နိုင်ငံရေးကော်မတီဝင် ဟယ်ကျုံးယိုတို့က လေယာဉ်လှေကားထစ်အောက်တွင် ကြိုဆိုခဲ့ကြသည်။
ရှီကျင့်ဖိန် လေယာဉ်လှေကားထစ်မှ ဆင်းလာချိန်တွင် လူငယ်ရှေ့ဆောင်အဖွဲ့ဝင်က ပန်းစည်းဖြင့် ကြိုဆိုခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များကလည်း တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ထားကာ အဆိုအကများဖြင့် အထွေထွေအတွင်းရေးမှူးချုပ် လာရောက်မှုကိုကြိုဆိုခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်အပေါ် လှိုက်လှဲစွာ ဆုမွန်ကောင်းများ ပို့သခဲ့ကြသည်။
ဝူးလူမုချီမြို့တွင် ပွဲတော်အချိန်အခါ ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ထုံလွှမ်းလျက်ရှိသည်။ လေဆိပ်မှ တည်းခိုရာ နေရာသို့ သွားရောက်သည့် လမ်းတစ်လျှောက်ရှိ ပင်မလမ်းမများနှစ်ဖက်တွင် ပန်းများဖူးပွင့်ပြီး ရောင်စုံအလံများ တလူလူလွှင့်ထူလျက်ရှိကာ တိုင်းရင်းသားလူမျိုးစု ပြည်သူများကလည်း အလံနီအားကိုင်ဆောင်၍ သံပြိုင်ဟစ်ကြွေးသံများဖြင့် ကြိုဆိုမှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်များကို ဖော်ပြခဲ့ကြသည်။ ရှီကျင့်ဖိန်ကလည်း လမ်းတစ်လျှောက်ပြည်သူများကို မကြာခဏလက်ပြ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဗဟိုကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင်ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ညီညွတ်သောတပ်ဦးဌာန အကြီးအကဲ လီကန့်ကျယ်၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရွှယ်ခဲ့လိုင်ထီ ကျားခဲ့အယ်၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်တုန်းဖုန်း၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် လျိုကျန့်လိ၊ အခမ်းအနား အတူတကွ တက်ရောက်လာသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဗဟိုနိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဝင် ဝမ်ရှောင်ဟုန်တို့က လေယာဉ်တစ်စင်းတည်းဖြင့် အတူတကွ ရောက်ရှိလာကြောင်း သိရသည်။
ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်များလည်း တစ်ချိန်တည်းတွင် ရောက်ရှိလာခဲ့ရာ အဖွဲ့ဝင်များတွင် ဗဟိုနှင့် နိုင်ငံတော်အဖွဲ့အစည်း သက်ဆိုင်ရာဌာန၊ တပ်မတော် သက်ဆိုင်ရာဌာန၊ အတွင်းမွန်ဂိုလီးယား၊ ကွမ်ရှီး၊ ရှီးဇန့်၊ နင်းရှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခုနှင့် ရှင်းကျန်းနှင့်ချိတ်ဆက် ပံ့ပိုးကူညီပေးသည့် သက်ဆိုင်ရာ ပြည်နယ်၊ မြို့များမှ တာဝန်ရှိရဲဘော်များ စသည်တို့ ပါဝင်ပေသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ ရှင်းကျင်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနား တက်ရောက်ရန် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အထူးလေယာဉ်ဖြင့် ရှင်းကျန်းဒေသ ဝူးလူမုချီမြို့သို့ ရောက်ရှိလာရာ ရှီကျင့်ဖိန်က ကြိုဆိုကြသည့် ပြည်သူများအား လက်ပြနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
习近平率中央代表团抵达乌鲁木齐出席新疆维吾尔自治区成立70周年庆祝活动   王沪宁蔡奇同机抵达
新华社乌鲁木齐9月23日电 中共中央总书记、国家主席、中央军委主席习近平率中央代表团23日下午乘专机抵达乌鲁木齐,出席新疆维吾尔自治区成立70周年庆祝活动。习近平作为中共中央总书记、国家主席、中央军委主席率中央代表团到新疆出席新疆维吾尔自治区成立庆祝活动,在党和国家历史上是第一次,充分体现了党中央对新疆工作的高度重视、对新疆各族干部群众的亲切关怀。
中共中央政治局常委、全国政协主席、中央代表团团长王沪宁,中共中央政治局常委、中央办公厅主任蔡奇同机抵达。
金秋时节,新疆大地处处洋溢着丰收的喜悦。乌鲁木齐天山国际机场鼓乐喧天,气氛热烈。
14时20分许,习近平乘坐的专机在天山国际机场降落,等候在停机坪的新疆各族各界群众热烈欢呼。习近平走出舱门,向欢迎群众挥手致意。
新疆维吾尔自治区党委书记陈小江、自治区人民政府主席艾尔肯·吐尼亚孜、自治区人大常委会主任祖木热提·吾布力、自治区政协主席努尔兰·阿不都满金、新疆生产建设兵团政委何忠友等在舷梯下迎候。习近平走下舷梯时,少先队员献上鲜花。各族群众代表身着民族服饰,载歌载舞,欢迎总书记的到来,表达对总书记的衷心祝福。
乌鲁木齐市充满节日的喜庆氛围。从机场到住地沿途主要街道两旁花团锦簇、彩旗飘扬,各族群众手持红旗,齐声欢呼,表达欢迎和感激之情。习近平向沿途群众频频挥手、亲切致意。
担任中央代表团副团长的中共中央政治局委员、中央统战部部长李干杰,全国人大常委会副委员长雪克来提·扎克尔,国务委员谌贻琴,全国政协副主席王东峰,中央军委委员刘振立,陪同出席活动的中共中央政治局委员、国务院副总理何立峰,中共中央书记处书记、国务委员王小洪等同机抵达。
中央代表团成员同期抵达,成员包括中央和国家机关有关部门,军队有关单位,内蒙古、广西、西藏、宁夏4个自治区和对口支援新疆的有关省市负责同志等。(完)
1、9月23日下午,中共中央总书记、国家主席、中央军委主席习近平率中央代表团乘专机抵达乌鲁木齐,出席新疆维吾尔自治区成立70周年庆祝活动。这是习近平走出舱门,向欢迎群众挥手致意。 新华社记者 燕雁 摄
2、9月23日下午,中共中央总书记、国家主席、中央军委主席习近平率中央代表团乘专机抵达乌鲁木齐,出席新疆维吾尔自治区成立70周年庆祝活动。这是习近平向欢迎群众挥手致意。 新华社记者 燕雁 摄