Connect with us

မြန်မာ-中文

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တော်ခန်းမရှေ့တွင် လူအများ စုဝေးကာ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်များလုပ်ဆောင်ခြင်းအား ဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက သတင်းထောက်၏ မေးမြန်းမှုအား မတ် ၁၁ ရက်တွင် ပြန်လည်ဖြေကြားခဲ့ရာ ပဋိပက္ခ ဆက်လက်ဖြစ်ပွားရုံသာမက အရှိန်မြင့်တက်လာခြင်းသည် အနိုင်ရသူဟူ၍ ရှိမည်မဟုတ်ကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ ဘက်ပေါင်းစုံက စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းထောက်တစ်ဦးက အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုသည် ရက်ပေါင်းများစွာ ဆက်တိုက်ရှိနေပြီဖြစ်ရာ လက်ရှိအခြေအနေအပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကျန်ပင်းက အမေရိကန်နှင့် အစ္စရေးသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံမှ အခွင့်အာဏာ ရရှိခြင်းမရှိဘဲ အီရန်-အမေရိကန် စေ့စပ်ဆွေးနွေးနေစဉ်အတွင်းမှာပင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ အခြားနိုင်ငံ၏ အချုပ်အခြာအာဏာလုံခြုံရေးအား ထိပါးကျူးကျော်ခြင်းကိုလည်းကောင်း၊ လက်နက်အင်အားအလွဲသုံးခြင်းနှင့် တောရိုင်းသဘာဝစည်းမျဉ်းသို့ ပြန်လှည့်ခြင်းကိုလည်းကောင်း တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် တိုက်ပွဲ အချိန်ကြာမြင့်စွာ ဖြစ်ပွားခြင်းနှင့် ပြင်ပသို့ ယိုလျှံကာ အနီးတစ်ဝိုက်နိုင်ငံများအား ရိုက်ခတ်ခြင်းအပေါ် အထူးစိုးရိမ်ကြောင်း၊ လက်နက်အင်အားသည် နိုင်ငံတကာအငြင်းပွားမှုကို ဖြေရှင်းရာတွင် မှန်ကန်သည့်နည်းလမ်းမဟုတ်ဟု အစဉ်အမြဲ ယူဆကြောင်း၊ တိုက်ပွဲဆက်လက်ဖြစ်ပွားရုံသာမက ပဋိပက္ခ အရှိန်မြင့်တက်လာခြင်းသည် အနိုင်ရသူဟူ၍ မရှိဘဲ အရှေ့အလယ်ပိုင်းဒေသကို အန္တရာယ်များသည့် ချောက်နက်အတွင်းသို့သာ တွန်းပို့မည် ဖြစ်ပြီး ဒေသတွင်းနိုင်ငံအသီးသီးပြည်သူများအတွက် ပို၍ကြီးမားသော ကပ်ဘေး သယ်ဆောင်လာမည် ဖြစ်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးဆုံးမှာ ဘက်ပေါင်းစုံက စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းသည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရန်၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဖြစ်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
国防部新闻发言人就美以对伊朗军事打击答记者问
新华社北京3月11日电(记者王春涛)国防部新闻发言人蒋斌11日就美以对伊朗军事打击答记者问时表示,延续甚至升级冲突没有赢家,当务之急是各方立即停止军事行动。
有记者问,美国和以色列对伊朗发动军事打击已持续多日,请问对当前局势有何评论?
蒋斌表示,美国和以色列未经联合国安理会授权,在伊美谈判进程中对伊朗发动军事打击,严重违反国际法和国际关系基本准则。中方坚决反对侵犯他国主权安全,反对滥用武力、丛林法则。
蒋斌说,我们对战事延宕并外溢波及周边国家深表关切,始终认为武力不是解决国际争端的正确方式,延续甚至升级冲突没有赢家,只会将中东局势推向危险的深渊,给地区各国人民带来更大灾难。
蒋斌表示,当务之急是各方立即停止军事行动,回到通过对话谈判解决问题的轨道上来,共同维护中东和世界和平稳定。(完)
1. 3月7日,在美国加利福尼亚州洛杉矶市政厅前,人们参加集会抗议美国和以色列对伊朗发动军事打击。 新华社发(邱晨摄)