Connect with us

Africa & Middle East

အမေရိကန်-အစ္စရေး ခေါင်းဆောင်တို့က အရှေ့အလယ်ပိုင်းအခြေအနေ စသည့် ကိစ္စရပ်များကို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် လေကြောင်းတိုက်ခိုက်မှုပြီးနောက် အဆောက်အအုံအပျက်အစီးများအတွင်း ကျန်ရှိနေသည့် မီးစများကို အောက်တိုဘာ ၃ ရက်က အမျိုးသားတစ်ဦး ညွှန်ပြနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်သည် အရှေ့အလယ်ပိုင်းဒေသအခြေအနေ စသည့်ကိစ္စရပ်များကို ဆွေးနွေးရန် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အောက်တိုဘာ ၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ဘိုင်ဒန်နှင့် နေတန်ယာဟုတို့သည် လက်ဘနွန်တွင် အစ္စရေးလုပ်ဆောင်နေသော စစ်ရေးလှုပ်ရှားမှုများနှင့် ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း၊ ထိုဖုန်းခေါ်ဆိုမှုတွင် အမေရိကန်နိုင်ငံ ဒုတိယသမ္မတ၊ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဟားရစ်လည်း ပါဝင်ကြောင်း ယင်းနေ့ အိမ်ဖြူတော်မှ ထုတ်ပြန်သော တယ်လီဖုန်းဆက်သွယ်မှုမှတ်တမ်းအရ သိရသည်။
ဖုန်းခေါ်ဆိုမှုအတွင်း ဘိုင်ဒန်က အမေရိကန်အနေဖြင့် အစ္စရေး၏ လုံခြုံရေးကို အခိုင်အမာ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ယခုလ ၁ ရက်တွင် အီရန်က ပဲ့ထိန်းဒုံးကျည်များ အသုံးပြုပြီး အစ္စရေးကို တိုက်ခိုက်ခဲ့ခြင်းအပေါ်ရှုတ်ချကြောင်း၊ သံခင်းတမန်ခင်းလမ်းကြောင်းမှတစ်ဆင့် လက်ဘနွန်-အစ္စရေးနယ်စပ်ဒေသတစ်လျှောက်ရှိ ၎င်းတို့ နိုင်ငံသားများ ဘေးကင်းစွာ မိမိတို့အိမ်ကို ပြန်နိုင်ရေးအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့် ၎င်းနိုင်ငံသားများကို လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့၏တိုက်ခိုက်မှုများမှ ကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် အထူးသဖြင့် လက်ဘနွန်မြို့တော် ဘေရွတ်ရှိ လူနေထူထပ်သော ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရာတွင် အရပ်သားများကို ထိခိုက်ခြင်းမရှိစေရန် အကြီးမားဆုံးအတိုင်းအတာအထိ ရှောင်ရှားသင့်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်တို့က ဂါဇာကမ်းမြောင်ဒေသ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပြီး
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးအကောင်အထည်ဖော်ရန်အတွက် သံတမန်ရေးရာ ညှိနှိုင်းမှုများပြန်လည်စတင်ရန် အရေးတကြီး လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
အဆိုပါနေ့ ဖုန်းခေါ်ဆိုမှုသည် “တိုက်ရိုက် အကျိုးရှိ” ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် အီရန်ကို တန်ပြန်တိုက်ခိုက်ရန်အစ္စရေး၏ အစီအမံများနှင့် ပတ်သက်၍ အဆက်အသွယ်မပြတ်ရှိကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Jean-Pierre က အောက်တိုဘာ ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သော ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို လက်ဘနွန်၌လည်း အလားတူ ဖြစ်ပွားမည်ကို အမေရိကန်နိုင်ငံက မမြင်တွေ့လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘိုင်ဒန်နှင့် နေတန်ယာဟုတို့သည် သြဂုတ်လ ၂၁ ရက်ကလည်း ဖုန်းခေါ်ဆိုခဲ့ဖူးသည်။ အဆိုပါ ခေါ်ဆိုမှုနှစ်ခုကြား ရှည်လျားသောကာလက ၎င်းတို့နှစ်ဦးကြားရှိ သဘောထားကွဲလွဲမှုများကျယ်ပြန့်လာပြီး ဆက်ဆံရေး မပြေလည်ခြင်းကြောင့်ဖြစ်မည်ဟု မီဒီယာများက ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ နေတန်ယာဟု၏ ရှုထောင့်မှကြည့်လျှင် ဤခေါ်ဆိုမှု၏ ရည်ရွယ်ချက်မှာ အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုအပေါ် အစ္စရေး၏ တုံ့ပြန်မှုကို အမေရိကန်နှင့် ဆွေးနွေးရန်ဖြစ်သော်လည်း သက်ဆိုင်ရာအကြောင်းအရာများကို အိမ်ဖြူတော်က ထုတ်ပြန်သည့်မှတ်တမ်းများတွင် ဖော်ပြထားခြင်းမရှိကြောင်း《The Times of Israel》က အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………………………….
(Chinese Version)
美以领导人通话讨论中东局势等问题
新华社华盛顿10月9日电(记者邓仙来)美国总统拜登9日与以色列总理内塔尼亚胡通电话,就中东局势等问题进行讨论。
根据白宫当天发布的通话纪要,拜登和内塔尼亚胡主要讨论以色列在黎巴嫩的军事行动以及加沙地带的人道主义状况等,美国副总统、2024年总统选举民主党候选人哈里斯参加了通话。
拜登在通话中重申美国对以色列安全的坚定支持,谴责伊朗本月1日利用弹道导弹对以色利发动袭击,强调需要通过外交途径实现黎以边境地带两国公民安全返回各自家园。拜登说,以色列有权保护本国公民不受来自黎巴嫩真主党的袭击,但在军事行动中应最大程度避免伤及平民,尤其是在位于黎首都贝鲁特的人口稠密区。
两国领导人还讨论了加沙地带局势,强调重启外交谈判以实现被巴勒斯坦伊斯兰抵抗运动(哈马斯)扣押人员获释的迫切性。
白宫新闻秘书让-皮埃尔9日在例行记者会上说,当天的通话“直接且富有成果”,两国领导人正就以色列反击伊朗的措施保持沟通。美方不愿看到以色列在加沙地带的军事行动造成的严峻人道主义状况在黎巴嫩重演。
拜登和内塔尼亚胡8月21日曾通电话。两次通话间隔之长引发媒体对二人分歧扩大、关系不和的猜测。《以色列时报》9日报道说,从内塔尼亚胡角度看,此次通话的目的是与美方讨论以方回应伊朗导弹袭击的方式,但相关内容在白宫发布的纪要中未有体现。(完)
图说:10月3日,在黎巴嫩首都贝鲁特,男子指向空袭过后废墟中的余火。新华社发(比拉尔·贾维希摄)