Connect with us

Videos

တရုတ်ကယ်ဆယ်ရေးအဖွဲ့ တူရကီသို့ ရောက်ရှိ

အဒါနာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၂ ဦး ပါဝင်သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် လေယာဉ်စင်းလုံးဖြင့် ကီလိုမီတာ ၈,၀၀၀ ကျော်ကို ခရီးနှင်ကာ တူရကီနိုင်ငံ အဒါနာလေဆိပ်သို့ ဖေဖော်ဝါရီ ၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။တရုတ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကျောက်မင်၏ ပြောကြားချက်များအရ လက်ရှိ မြေပြင်အခြေအနေပေါ် မူတည်၍ တရုတ်ကယ်ဆယ်ရေးအဖွဲ့များက ပစ္စည်းချခြင်းရွှေ့ပြောင်းခြင်းလုပ်ငန်းများကို ချက်ချင်း လုပ်ဆောင်လျက်ရှိပြီး တူရကီနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တူရကီအစိုးရ၊ ကုလသမဂ္ဂသက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံးချိတ်ဆက်ကာ မြေပြင်ကယ်ဆယ်မှုအခြေအနေအရ ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှုတာဝန်များကို လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မြေပြင်ဆန်းစစ်မှုများပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့ခွဲများကို စေလွှတ်သွားမည့်တစ်ချိန်တည်းတွင်ပင် လုံခြုံသင့်လျော်သောနေရာ၌ စခန်းချရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
全球连线|中国救援队抵达土耳其
中国救援队一行82人乘坐国航包机飞行8000多公里,于当地时间8日凌晨4时30分(北京时间9时30分)抵达土耳其阿达纳机场。
据中国救援队队长赵明介绍,根据当地实际情况,中国救援队立即开展卸货转运工作,尽快做好与我驻土耳其使馆、当地政府、联合国有关机构对接,结合目前救援进展情况,接领具体搜救行动任务,并拟派出救援小队对执行任务场地进行实地勘查,同时选择安全合适的位置搭建营地。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.