Connect with us

Media

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပူးတွဲလက်တွေ့စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီးသည် တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် ဩဂုတ် ၂၇ ရက်မှ စ၍ ကြည်းတပ်၊ လေတပ်ဖြင့် ပူးတွဲ လက်တွေ့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ လေတပ်အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ စစ်ဒေသကြီးရှိ တပ်ဖွဲ့များ၏ ကင်းထောက်နှင့် ကြိုတင်သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးရှိ တပ်ဖွဲ့များသည် ရုတ်ချည်းဖြစ်ပွားသောအခြေအနေအမျိုးမျိုးကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အရ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်း၌ လက်တွေ့ စစ်ရေးလေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၇ ရက် မှ ၂၉ ရက်အထိ ဆောင်ရွက်မည် ဖြစ်ပြီး ယင်းဒေသရှိ ယာဉ်များနှင့်လူပုဂ္ဂိုလ်များအနေဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးစီမံခန့်ခွဲမှုကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။
လက်တွေ့စစ်ရေးလေ့ကျင့်မည့်နေရာများမှာ –
၁။ ရွှေလီမြို့ ဟုယွိကျေးရွာအနီး ဖြစ်သော နေရာ ၄ နေရာ ချိတ်ဆက်သည့် ဧရိယာ
၂။ ရွှေလီမြို့ ဝမ်တိန် မြို့နယ်အနီး ဖြစ်သော နေရာ ၄ နေရာ ချိတ်ဆက်သည့် ဧရိယာ
၃။ ကျန့်ခန်းခရိုင် မုန်သွေး ကျေးရွာအနီးဖြစ်သော နေရာ ၄ နေရာ ချိတ်ဆက်သည့် ဧရိယာ
၄။ ကိန်းမာ တိုင်လူမျိုးဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် မုန်တင့် မြို့နယ် အနီးဖြစ်သော နေရာ ၄ နေရာ ချိတ်ဆက်သည့် ဧရိယာ တို့တွင် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း စစ်ဒေသကြီး ကြည်းတပ် တပ်ဖွဲ့သည် ဩဂုတ် ၂၆ ရက်တွင် ရွှေလီ၊ ကျန့်ခန်း စသည့် နယ်စပ်လမ်းတစ်လျှောက်သို့ သွားရောက်၍ နယ်ခြားစောင့်တပ် ကင်းလှည့်ခြင်း၊ ဝေဟင်-မြေပြင် ပူးတွဲကင်းလှည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ စစ်ဒေသကြီး တပ်ဖွဲ့၏ လျင်မြန်စွာ လှုပ်ရှားနိုင်မှု၊ ထောင့်စုံ ပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပူးတွဲ တိုက်ခိုက်မှု စွမ်းရည်တို့ကို စစ်ဆေးရန်၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………………………………
(Chinese Version)
中国人民解放军南部战区位中缅边境我方一侧举行联合实兵实弹演习
中国人民解放军南部战区新闻发言人田军里空军大校表示,中国人民解放军南部战区组织陆军、空军部队于8月27日起,位中缅边境我方一侧举行联合实兵实弹演习,旨在检验战区部队侦察预警、立体封控、火力打击能力。战区部队时刻做好应对各类突发情况准备,坚决维护国家主权、边境稳定和人民生命财产安全。
据悉,根据年度训练计划,位中缅边境我方一侧实兵实弹演习定于2024年8月27日至29日,进入该地区的车辆和人员需服从交通管制。演习区域为:1.瑞丽市户育乡附近地域,A(N23°54′56″,E97°37′07″)、B(N23°53′27″,E97°37′53″)、C(N23°57′59″,E97°46′38″)、D(N23°59′13″,E97°45′55″)4点连线区域。2.瑞丽市畹町镇附近地域,A(N24°06′54″,E98°01′48″)、B(N24°06′01″,E98°03′33″)、C(N24°09′33″,E98°05′27″)、D(N24°10′18″,E98°03′46″)4点连线区域。3.镇康县勐堆乡附近地域,A(N23°54′56″、E98°42′54″)、B(N23°54′56″、E98°44′41″)、C(N23°52′47″、E98°44′41″)、D(N23°52′47″、E98°42′54″)4点连线区域。4.耿马傣族佤族自治县孟定镇附近地域,A(N23°32′28″、E98°48′42″)、B(N23°29′05″、E98°50′18″)、C(N23°29′54″、E98°52′33″)、D(N23°33′27″、E98°51′11″)4点连线区域。
据悉,8月26日,中国人民解放军南部战区组织陆军部队赴瑞丽、镇康等边境一线,开展临边武装巡逻和空地联合警巡,旨在检验战区部队快速机动、立体封控、联合打击能力,维护边境地区安全稳定。