Connect with us

Media

တရုတ်-လာအို-ထိုင်း ဘက်စုံသယ်ယူပို့ဆောင်ရေး “အမှာစာ တစ်ခုတည်းစနစ်” ကုန်တင်ရထား ကူမင်းမြို့မှ စတင်ထွက်ခွာ

ကူမင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်-လာအို-ထိုင်း ဘက်စုံသယ်ယူပို့ဆောင်ရေး “အမှာစာ တစ်ခုတည်းစနစ်” (One Order System) ကုန်တင်ရထားနှင့် “လန်ချန်း-မဲခေါင် · ယူနန်” နိုင်ငံတကာရထား စတင်ထွက်ခွာခြင်း အခမ်းအနားကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့သည်။
ယူနန်ပြည်နယ်တစ်ဝန်းမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ထိုနေရာက ရထားဖြင့်တင်ဆောင်ကာ တရုတ်-လာအို မီးရထားလမ်းတစ်လျှောက် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတောင်ဘက်ဘူတာသို့ တိုက်ရိုက် ခုတ်မောင်းပြီး ထိုင်းလက်ကားဈေးကို ကုန်းလမ်းဖြင့် တစ်ဆင့်ပို့ဆောင်ခြင်း ဖြစ်ပါတယ်။ ထိုသို့ သယ်ယူပို့ဆောင်မှုမှာ စုစုပေါင်း အချိန် ၃ ရက်ခွဲသာ ကြာမြင့်သည်။

ယခုလို “အမှာစာ တစ်ခုတည်းစနစ်” နိုင်ငံတကာ ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်က လုပ်ထုံးလုပ်နည်းများ၊ ကုန်စည်အထုပ်အပိုး ပြောင်းလဲသယ်ဆောင်ခြင်း စသည့် ကွင်းဆက်များကို လျှော့ချပေးသည်။
ရထားတစ်စင်းလုံးဖြင့် သယ်ဆောင်ခြင်းက ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သယ်ယူပို့ဆောင်ရေးထိရောက်မှုကိုမူ ၄၀ ရာခိုင်နှုန်း တိုးမြှင့်စေသည်။
တရုတ်-လာအို မီးရထားလမ်း စတင်လည်ပတ်ချိန်မှစပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်း ပမာဏမှာ တန်ချိန် ၄၄ ဒသမ ၇၁ သန်း ကျော်ရှိပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်း ပမာဏမှာမူ တန်ချိန် ၁၀ ဒသမ ၅၁ သန်း ကျော်ရှိကြောင်း သိရသည်။ ကုန်စည်သယ်ယူပို့ဆောင်ရေးက လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူ အပါအဝင် BRI ပူးတွဲတည်ဆောက်နေသည့် နိုင်ငံ ၁၂ နိုင်ငံကို လွှမ်းခြုံမှုရှိသည်။ (Xinhua)

……………………………………..
(Chinese Version)
中老泰多式联运“一单制”货运列车在昆明首发
中老泰多式联运“一单制”货运列车开行暨“澜湄·云南号”国际列车首发活动,2024年10月24日在中国云南昆明举行。云南各地新鲜蔬菜从这里出发,沿中老铁路直达老挝首都万象南站,再通过公路运输至泰国批发市场,总共用时3.5天。这种“一单制”国际多式联运体系减少了手续办理、货物换装等环节,以整列方式开行可将物流成本降低30%、运输效率提高40%。
据了解,中老铁路自开通运营以来,货物运输总量突破4471万吨,其中跨境货物运输总量超过1051万吨,货物运输覆盖老挝、缅甸、泰国、越南、马来西亚、新加坡等12个共建“一带一路”国家。