Connect with us

Media

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးအဖွဲ့ က နေပြည်တော်တွင် အသက်ရှင်ကျန်ရစ်သူ ၁ ဦးကို အောင်မြင်စွာ ကယ်တင်

ယူနန်၊မတ် ၃၀ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် မတ် ၂၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော် ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့သည် ပြိုကျနေသော ကြမ်းပြင်အောက်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို အသက်ရှင်သူများအားရှာဖွေရေး ကိရိယာများဖြင့် တွေ့ရှိခဲ့သည်။ ညတွင်းချင်း အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ မတ်လ ၃၀ ရက် (ဒေသစံတော်ချိန်) နံနက် ၅ နာရီတွင် ငလျင် လှုပ်ခတ်ပြီးနောက် နာရီ ၄၀ နီးပါး ပိတ်မိနေသော သက်ကြီးရွယ်အို အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။
သတင်းများအား ဆက်လက် ဂရုပြုပါရန်။ (Xinhua)
………
(Chinese Version)
中国云南救援医疗队在内比都救出一名幸存者
当地时间3月29日晚,在缅甸内比都ottara thiri医院开展救援的中国云南救援医疗队,通过生命探测仪器,发现了坍塌楼层下一名幸存者。经过连夜紧急救援,当地凌晨3月30日凌晨5点,地震发生后被困近40小时的老人成功获救。

文本:请持续关注