Connect with us

Media

တရုတ်နိုင်ငံ ယူနန်ပရဟိတအဖွဲ့က မန္တလေးမြို့ရှိ ရပ်ကွက်များအတွက် သောက်သုံးရေလိုအပ်ချက်ကို ကူညီဖြေရှင်းပေး

ယူနန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် မန္တလေးမြို့အချို့ရပ်ကွက်များ အထူးသဖြင့် မြို့စွန်ရပ်ကွက်များတွင် သောက်သုံးရေပြတ်လပ်မှု အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ရေအခက်အခဲကြုံတွေ့ရသော ရပ်ကွက်များတွင် ရေအခက်အခဲ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။ မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကူမင်း ကျီကန်း လူမှုရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုစင်တာသည် မြန်မာနိုင်ငံ မိတ်ဖက်အဖွဲ့အစည်းနှင့်အတူ မန္တလေးမြို့ရပ်ကွက်များတွင် ရပ်ရွာလူထု ရေရရှိရေး စီမံကိန်းကို ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် ရပ်ကွက် ၅ ခု၊ အိမ်ထောင်စုပေါင်း ၂၁၀ မှ လူဦးရေ ၉၃၀ ခန့်ကို သောက်သုံးရေ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ အချို့သောပြည်သူများက ရေလာရောက်ပေးဝေပေးသည့် အဖွဲ့အစည်းအား ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့အတွက် ပြဿနာကြီးကို ဖြေရှင်းပေးလိုက်ခြင်းပင်ဖြစ်ကြောင်း ဆိုခဲ့ကြသည်။ (Xinhua)
…………………….
(Chinese Version)
中国云南公益组织帮助曼德勒社区解决饮用水需求
缅甸大地震后,一些社区特别是城郊社区出现饮用水短缺的困难,受影响的社区出现了用水困难的挑战。近日,来自中国云南的昆明植根社会工作发展中心与缅甸伙伴机构一同在曼德勒社区开展社区供水项目。4月9日,五个社区,210户约930名民众得到了饮用水。一些民众对送水来的机构表示感谢,说为自己解决了大问题。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.