Connect with us

Videos

ယူနန်ပြည်နယ်၊ လုံချွမ်းခရိုင် သင်္ကြန်ပွဲတော်တွင် လူသောင်းနှင့်ချီ သောင်းသောင်းဖြဖြ ဆင်နွှဲကာ ကောင်းချီးပေး

တရုတ်နိုင်ငံအနောက်တောင်ပိုင်း နယ်စပ်ဒေသရှိ ယူနန်ပြည်နယ်၊ လုံချွမ်းခရိုင်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်တွင် စတင်ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် လှပသော တိုင်လူမျိုး မိန်းမပျိုလေး ၇ ဦးက ရေကန်အတွင်းသို့ “မင်္ဂလာရေ” သွန်းလောင်းခဲ့ကြသည်။ ရွှင်မြူးတက်ကြွဖွယ် တေးဂီတနှင့်အတူ ဒေသခံများနှင့် ခရီးသွားဧည့်သည်များသည် “ဂါဘန်ဂွမ်း” အကကို ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြသည်။ ပွဲလမ်းရင်ပြင်အလယ်တွင် ရေပန်းများ ကောင်းကင်ယံအထိ ပန်းထွက်လာပြီး လူများက တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းလျက် ကောင်းချီးများပေးကြသည်။

သင်္ကြန်ပွဲတော်သည် တိုင်လူမျိုးနှင့် တအောင်းလူမျိုးတို့၏ အကြီးကျယ်ဆုံးသော ရိုးရာပွဲတော်များထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် ဧပြီလလယ်ပိုင်းတွင် ၃ ရက်မှ ၅ ရက်ကြာ ကျင်းပလေ့ရှိသည်။ ပွဲတော်ကာလအတွင်း လူများသည် သန့်ရှင်းသောရေများဖြင့် အပြန်အလှန် ပက်ဖျန်းကာ မင်္ဂလာနှင့် ကံကောင်းခြင်းများကို ကြိုဆိုကြသည်။ (Xinhua)
………….
(Chinese Version)
云南陇川泼水节 万人狂欢送祝福

4月11日,位于祖国西南边陲的云南省陇川县迎来了一年一度的泼水节。
开幕式上,七位美丽的傣族姑娘将“吉祥水”注入水池。伴随着激昂欢快的音乐,当地群众和游客跳起欢快的嘎伴光。广场中央喷出漫天的水花,人们纷纷互相泼水祝福。
据了解,泼水节是傣族、德昂族最盛大的传统节日之一,通常在每年4月中旬举行,持续3至5天。节日期间,人们用清水互相泼洒,迎接吉祥与好运。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.